22
Wed, Nov
620 New Articles

နေပြည်တော် ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ၁၃ ကြိမ်မြောက် အေဆမ်(ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ငြိမ်းချမ်းရေး နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းမှု အရှိန် မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် ယနေ့  နိုဝင်ဘာ ၂၀ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ အဖွင့် မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၁၀း၀၀) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (အာဆီယံနိုင်ငံ အစိုးရအဖွဲ့ အကြီးအကဲများ၏ မျက်နှာစုံညီအစည်းအဝေး)သို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှသတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၀၉း၀၀) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Cultural Center of the Philippines ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

ကလက်၊ ဖိလစ်ပိုင်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ ကာကွယ်ရေး ဝန်ကြီးများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ပင်လယ်ရေကြောင်း ပဋိပက္ခများ အပါအဝင် ဒေသတွင်း ရင်ဆိုင်နေရသည့် လုံခြုံရေး ကိစ္စရပ်များအား ဆွေးနွေးရန် အဆင့်မြင့် လုံခြုံရေး ဆွေးနွေးပွဲအား ယနေ့ (အောက်တိုဘာလ ၂၃ ရက်) တွင် ဖိလစ်ပိုင်နိုင်ငံ၌ စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် (၂၂) ကြိမ်မြောက်World Police Band Concert (ကမ္ဘာ့ရဲတပ်ဖွဲ့ တေးဂီတဖျော်ဖြေပွဲ) အခမ်းအနားကို ၂၈.၁၀.၂၀၁၇ ရက်နေ့တွင်  စုပေါင်းလမ်းလျှောက် တီးခတ်ဖျော်ဖြေခြင်းများပြုလုပ်မည်ဖြစ်ပြီး၊ ၂၉.၁၀.၂၀၁၇ နေ့တွင် ရန်ကုန်မြို့၊ MCC ( Myanmar Convention Centre ) တွင် တီးခတ်ဖျော်ဖြေရေး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

မနီလာ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများက သြဂုတ်လ ၆ ရက်နေ့ အာဆီယံ-တရုတ် အစည်းအဝေး ပိတ်ပွဲ၌ အတည်ပြုရန်အတွက် တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက်  (Code of Conduct) မူဘောင်အား သြဂုတ်လ ၅ ရက်က ထောက်ခံခဲ့ကြကြောင်း ဖိလစ်ပိုင် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားရေးရာဋ္ဌာန ယာယီပြောခွင့်ရပုဂ္ဂိုလ် Robespierre Bolivar က ပြောသည်။

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ကျင်းပပြုလုပ်မည့် ၁၄ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (14th ACDFIM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။ 

မနီလာ ၊ ဧပြီ ၃ဝ ရက် (ဆင်ဟွာ)

အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များက မြောက်ကိုရီးယားနိုင်ငံ၏ တာလတ်ပစ်ဒုံးကျည်များစမ်းသပ်ပစ်ခတ်နေသည့် ကိစ္စရပ်အပေါ် စိုးရိမ်ပူပန်ကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေများကို တိတိကျကျ လေးစားလိုက်နာရန် တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

မနီလာ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Perfecto Yasay က ဇန်ဝါရီလ ၁၁ ရက်နေ့တွင် မနီလာ ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ က အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး အာဆီယံ နိုင်ငံရေး လုံခြုံမှု အသိုက်အဝန်း တည်ဆောက်ရာတွင် ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဆိုနှစ်ခုကို အလေးထား တွန်းအား ပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗီယင်ကျန်း ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အရှေ့ တောင်အာရှ ၁ဝ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ၌ နိုဝင်ဘာလ ၁၆ ရက်တွင်တွေ့ ဆုံပြီး လုံခြုံရေးခြိမ်းခြောက်မှု နှင့် စိန်ခေါ်မှုများဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Page 1 of 2