15
Fri, Dec
618 New Articles

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား တက်ရောက်စဉ် (ဓာတ်ပုံ-- MOFA) Politics & Security

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၀၉း၀၀) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Cultural Center of the Philippines ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများ၊ လူမှုရေး-ယဉ်ကျေးမှုဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  (Xinhua)