25
Thu, Apr
603 New Articles

အာဆီယံယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ

ဗီယက်နမ်နိုင်ငံတွင်း ခရီးသည်များ လည်ပတ်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ) Social & Culture

ဟနွိုင်း၊ ဇန်န၀ါရီ ၁၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Quang Ninh ပြည်နယ်တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများမှ အမျိုးသားခရီးသွားအဖွဲ့အစည်းများ၏ ၄၉ ကြိမ်မြောက် အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့များ နှစ်ရက်ကြာ အစည်းအဝေးက ဇန်န၀ါရီ ၁၅ ရက်တွင် ပြီးဆုံးခဲ့ရာ ယင်းအစည်းအဝေး၌ ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် အစားအသောက် အချက်အပြုတ်ပိုင်းဆိုင်ရာ ခရီးသွားလုပ်ငန်းတို့ ပါဝင်သော ခရီးသွားလုပ်ငန်း ထုတ်ကုန်များ ဖွံဖြိုးမှုနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို ကာကွယ်ခြင်းများနှင့် ပတ်သက်သော အစီရင်ခံစာများကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

Quang Ninh's ပြည်နယ်၏ မြို့တော် Ha Longတွင် အဖွဲ့ဝင် ၁၀နိုင်ငံပါဝင်သည့် ထိုအစည်းအဝေး၌ ကိုယ်စားလှယ်များက ခရီးသွားလုပ်ငန်းဈေးကွက်၊ အဆင့်အတန်း၊ ဆက်သွယ်မှု၊ အခြေခံအဆောက်အအုံ စိတ်ချယုံကြည်ရမှု၊ လုံခြုံမှု၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု၊ ခရီးသွားလုပ်ငန်း အဆင်ပြေချောမွေ့ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပါဝင်မှုများဆိုင်ရာ အစီရင်ခံစာများကို အတည်ပြုခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ဗီယက်နမ်နှင့် ဘရူနိုင်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာဆီယံနိုင်ငံများတွင် ယဉ်ကျေးမှု နှင့် ရှေးဟောင်းအမွေအနှစ်များကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုက ယဉ်ကျေးမှုနှင့် ရှေးဟောင်း အမွေအနှစ်တို့၏ တန်ဖိုးများ ကိုသာမက ခရီးသွားလုပ်ငန်းနှင့် ဆိုင်သည့် ထုတ်ကုန်များဖြင့်လည်း ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ကြောင်း ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။(Xinhua)