26
Mon, Feb
631 New Articles

ပါလက်စတိုင်း နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို တက်ကြွစွာ ပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း ပြောကြား

ပါကစ္စတန် နိုင်ငံ သမ္မတ Mahmoud Abbas အား မြင်တွေ့ရစဉ်(ဆင်ဟွာ) China

ရာမာလာ ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နိုင်ငံ သမ္မတ Mahmoud Abbas က စက်တင်ဘာ ၂၈ ရက်နေ့၌ ပါလက်စတိုင်း  နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုအား တွန်းအားပေး တည်ဆောက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Abbas က စက်တင်ဘာ ၂၈ ရက်နေ့၌ ပိုးလမ်းမကြီးဆိုင်ရာ နိုင်ငံတကာ ကုန်သည်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ လွီကျန့်ကျုံး(Lu Jianzhong) နှင့် တွေ့ဆုံခဲ့ရာတွင် ပါလက်စတိုင်း  နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ၏ အစိတ်အပိုင်း တစ်ခု အဖြစ်ပါဝင်သွားလိုပြီး ပါလက်စတိုင်း နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများတွင် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လွီကျန့်ကျုံး က ပါလက်စတိုင်း နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် တက်ကြွစွာ ပါဝင်လိုသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ကုန်သည်များ အဖွဲ့ချုပ် အနေဖြင့် နှစ်ဘက် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပိုးလမ်းမကြီးဆိုင်ရာ နိုင်ငံတကာ ကုန်သည်များ အဖွဲ့ချုပ် သည် ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ် နိုင်ငံ ၏ အမျိုးသား အဆင့် ညှိနှိုင်းဆောင်ရွက်မှု ကို အဓိကထားဆောင်ရွက်သည့် အရပ်ဘက် အဖွဲ့အစည်း တစ်ခု ဖြစ်ကာ လက်ရှိချိန်တွင် အမျိုးသား အဆင့် ညှိနှိုင်းဆောင်ရွက်မှု အဖွဲ့ဝင်ပေါင်း ၉၀ ဦး ခန့်ရှိကြောင်း သိရှိခဲ့ရသည်။(Xinhua)