15
Fri, Dec
618 New Articles

စီး/ ကူး ၀န်ကြီးဌာန မူလ ခန့် မှန်းဘတ်ဂျက်ထက် ၁၀ ရာခိုင်နှုန်း ကျော်လွန် တောင်းဆိုခြင်း မဟုတ်ဟုဆို

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ) Local

နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဖြည့်စွက်တောင်းခံငွေသည် မူလ လျာထား ခန့် မှန်း ဘတ်ဂျက်ထက် ၁၀ ရာခိုင်နှုန်း ကျော်လွန်နေရခြင်းမှာ မဟုတ်မှန်ဘဲ ၂ ဒသမ ၉၁ ရာခိုင်နှုန်းသာ ကျော်လွန်ခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးအောင်ထူးက ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း ပြောကြားခဲ့သည်။

“မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပို့ ကုန် သွင်းကုန် ယာဉ်စစ်ကွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း အတွက် တရုတ်နိုင်ငံ အစိုးရက ယွမ် သိန်း တစ်ရာဖိုး အထောက်အပံ့ပေးခဲ့ပါတယ်၊ စာရင်းသဘော အရ ငွေလုံးငွေရင်း Budget စာရင်း ၀င်စေဖို့  ရငွေနဲ့  အသုံးစရိတ်ငွေ နှစ်ဘက်စလုံးမှာ ယွမ်သန်း တစ်ရာ (ကျပ် ၁၉၅၀ သန်း) ထည့်သွင်း လျာထားခဲ့ရလို့  မူလခန့် မှန်းခြေ ပမာဏရဲ့  ၁၀ ရာခိုင်နှုန်း ထက် ကျော်လွန် တောင်းခံသကဲ့သို့  ဖြစ်ပေါ်ရတာပါ၊ ဖော်ပြပါ ပြည်ပ အကူအညီ ငွေ ကျပ် သန်း ၁၉၅၀ ကို ချန်လှပ် တွက်ချက်မယ်ဆိုရင် ဖြည့်စွက် တောင်းခံငွေက ၃၈၆ ဒသမ ၇၀၂ သန်းသာ ဖြစ်ပြီး ၀န်ကြီးဌာနတစ်ခုလုံးရဲ့ မူလ ခွဲဝေ ချထားငွေရဲ့ ၂ ဒသမ ၉၁ ရာခိုင်နှုန်းသာ ကျော်လွန်တာကို တွေ့ ရပါမယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ဖြည့်စွက်တောင်းခံသည့် ငွေများတွင် ယခု ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် မောင်တော ကုန်သွယ်ရေး စခန်း လုံခြုံရေးအတွက် အုတ်တံတိုင်း ကာရံခြင်း၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်း အုတ်တံတိုင်းကာရံခြင်း တို့ အတွက်လည်း ပါဝင်ပါကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။ (Xinhua)