24
Mon, Sep
669 New Articles

Yangon Investment Forum 2018 ကျင်းပမည်

Yangon Investment Forum 2018 အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေး(၂/၂၀၁၈) ကျင်းပစဉ် (ဓာတ်ပုံ-- YRG) Local

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

Yangon Investment Forum 2018 (ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်၂၀၁၈) ကို မေလ ၉ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

Yangon Investment Forum 2018 အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေး(၂/၂၀၁၈) ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)