23
Tue, Oct
710 New Articles

ရခိုင်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာဟုဆို

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI) Local

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာကြောင်း ယနေ့ ကျင်းပသော ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ၂/၂ဝ၁၈ ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

 မိမိတို့ကော်မတီအဖွဲ့ဝင်များကလည်း ရင်းနှီမြှုပ်နှံမှုများကို ဖိတ်ခေါ်ပေးကြစေလိုကြောင်း၊ ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံသူများလည်း တိုးတက်လာပြီဖြစ်ကြောင်း၊ ယခုထက် ပိုမိုတိုးတက်မှု ရရှိလာအောင် မည်သို့ ဆောင်ရွက်သွားမည်ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ၎င်းကဆိုသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထူးမင်းသိမ်းက ကော်မတီ၏ ၁/၂ဝ၁၈ ကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး၍ ဝန်ဆောင်မှု ပေးခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)