24
Sun, Jun
786 New Articles

မြန်မာ့စီးပွားရေးတိုးတက်စေဖို့က အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးမှုအပေါ် အဓိက ကျလျက်ရှိ

ရန်ကုန်မြို့၊Pan Pacific Hotel တွင် ကျင်းပခဲ့သည့် (SMEs) ဆွေးနွေးပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--UMFCCI) Local

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

မြန်မာ့စီးပွားရေးတိုးတက်စေဖို့က အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးမှုအပေါ် အဓိက ကျနေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်ချက်အရသိရသည်။

“SMEsတွေ ဖွံ့ဖြိုးဖို့ လူသားအရင်းအမြစ်ရဲ့ စွမ်းဆောင်ရည် ကျွမ်းကျင်မှုနဲ့ စနစ်ကျမှုများလိုအပ်သလို လျှပ်စစ်၊ ငွေရေးကြေးရေး ၊ တရားမဝင်ကုန်သွယ်မှုပပျောက်မှုနဲ့ နည်းပညာထောက်ပံ့မှုတို့လည်း လိုအပ်နေပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်၏ SME ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းမှ ပြောကြားပါတယ်။ 

SME များ တိုးတက်မှုတွင် အားနည်းချက်၊ပျော့ကွက်များရှိနေပြီး ထိုအရာတွေကို တိုင်းပြည်၏ လူငယ်လူရွယ်၊ အမျိုးသမီးစွန့်ဦးတီထွင်သူများက ပိုမိုတွေ့ကြုံခံစားနေရသည်ဟု United Nationals Industrial Development Organization (UNIDO)မှ သုံးသပ်ခဲ့သည်။

SME အခွင့်အလမ်းများ ပိုမိုရရှိဖို့မှသာ အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)တွင် ယှဉ်ပြိုင်နိုင်ပြီး မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊Pan Pacific Hotel တွင် ကျင်းပခဲ့သည့် (SMEs) ဆွေးနွေးပွဲမှာ အသေးစားနှင့်အလတ်စား လုပ်ငန်းများ၊ နိုင်ငံအဝှမ်းရှိ Private Sector နှင့် ချိတ်ဆက်မှုများမှတဆင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ဆွေးနွေးပွဲတွင် ငွေရေးကြေးရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ လူငယ်နှင့် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များကဏ္ဍ တို့ကို အပိုင်း(၄)ပိုင်းခွဲ၍ အဖြေရှာ သုံးသပ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။  (Xinhua)