23
Sun, Sep
677 New Articles

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ--YRG) Local

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။

တွေ့ဆုံရာတွင် ဝန်ကြီးချုပ်အား အဆိုပါ ဌာနမှတာဝန် ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း၊ 

အဆိုပါ ဥပဒေ(မူကြမ်း)အား တင်ပြရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လျှပ်စစ်၊စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နှင့်တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)