မြန်မာ့ စီးပွားရေး ၂၀၁၈-၁၉ တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်းတိုးတက်နိုင်

မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Mr.GevorgSargsyan အမှာစကားပြောကြားစဉ် (ဆင်ဟွာ) Local

နေပြည်တော်၊ ဇူလိုင်၁၂ ရက် (ဆင်ဟွာ)

၂၀၁၈ မေလတွင် ထုတ်ပြန်ခဲ့သောကမ္ဘာ့ဘဏ် အုပ်စု၏ မြန်မာ့ စီးပွားရေးစောင့်ကြည့် အစီရင်ခံ ခြင်း(MEM:_ Myanmar Economic Monitor) အရ မြန်မာနိုင်ငံ၏ GDP မှာတိုးတက်လာလျက် ၇ှိပြီးအခြားသော စီးပွားရေးဆိုင်ရာညွှန်းကိန်းများလည်းတိုးတက်လာမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုအားကောင်းလာရန် ဆောင်ရွက်ပေးဖို့ လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Mr. GevorgSargsyanယနေ့ပြောခဲ့သည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကလက်ရှိနှုန်းထက် ပိုမိုတိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်၊ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟာလူ့စွမ်းအားရင်းမြစ်ဆိုင်ရာလိုအပ်ချက်တွေကို မြှင့်တင်ပေးနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် တီထွင် ဖန်တီးနိုင်စွမ်းနဲ့ လုပ်ရည်ကိုင်ရည်တွေ မြှင့်တင်ပေးဖို့ လိုအပ်သလိုပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုအားကောင်းလာအောင် ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်”ဟုနေပြည် တော် Hilton Hotel တွင် ယနေ့ နေ့လယ်ပိုင်းကျင်းပသော “မသေချာမရေရာမှုများ ကြားမှ တိုးတက်လာသော မြန်မာ့ စီးပွားရေး” ဆိုင်ရာဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးအမှာစကားပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ့ စီးပွားရေးစောင့်ကြည့် အစီရင်ခံခြင်း (MEM) အရ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၂၀၁၆ - ၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ - ၁၈ တွင် ၆ ဒသမ ၄ သို့ရောက်၇ှိလာခဲ့ပြီး ၂၀၁၈ - ၁၉ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိဆက်လက်ကောင်းမွန်နိုင်ကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားဖော် ဆောင် နိုင်ရန် မြန်မာနိုင်ငံအစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရျိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ် အရာရှိများဆွေးနွေးကြသည့် အဆိုပါ ဆွေးနွေးပွဲကိုစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းစီစဉ်ကြခြင်းဖြစ်ပြီးစီမံ - ဘဏ္ဍာဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက တက်ရောက် အမှာစကားပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MSDP:_ Myanmar Sustainable Development Plan) မှာဖော်ပြထားတဲ့အတိုင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အခြားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိအောင် ဦးတည် ကြိုးပမ်းရာမှာမေခရိုစီးပွားရေးစီမံခန့်ခွဲမှု အားကောင်းဖို့က မရှိမဖြစ် လိုအပ်ပါတယ်၊ MSDP က နိုင်ငံအတွက် တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်မှုတွေကိုယူဆောင်လာပေးမယ့် လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကိုအသုံးချနိုင်ဖို့ ရေးဆွဲထားခြင်း ဖြစ်ပါတယ်” ဟုဒုတိယ ဝန်ကြီးကပြောခဲ့သည်။

အဆိုပါ မြန်မာ့ စီးပွားရေးဆွေးနွေးပွဲ၌ မြန်မာ့ ဖွံ့ဖြိုးမှု အဖွဲ့အစည်းအကြီးတန်းသုတေသနပညာရှင် ဒေါက်တာခင်မောင်ညွန့်က ကြားခံဆွေူးနွေးပေးသူအဖြစ် တာဝန်ယူပြီး အစိုးရဝန်ကြီးဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့မှ အဆင့်မြင့် အရာရှိကြီးများက ပါဝင် ဆွေးနွေးခဲ့ကြသည်။ (Xinhua)