20
Wed, Nov
474 New Articles

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈)အစည်းအဝေးမှရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခွင့်ပြုမိန့်(၃)ခု နှင့် အတည်ပြုမိန့် (၃)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈)အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--MOI) Local

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈)အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့်(၃)ခု နှင့် အတည်ပြုမိန့် (၃)ခု ခွင့်ပြုရန် ဆုံးဖြတ် ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များ အပေါ် ဆွေးနွေးစိစစ်မှု ပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၉) ဦး တက်ရောက်ကြသည်။အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထားလွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့် ရရှိပြီးသော ကုမ္ပဏီ များမှ တင်ပြလာသည့် အထွေထွေ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)