19
Mon, Nov
668 New Articles

နိုင်ငံအတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ရှာဖွေ တွေ့ ရှိနိုင်စေမည့် Invest Myanmar Summit 2019 ကျင်းပမည်

Summit အကြောင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်(ဆင်ဟွာ) Local

ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများအား ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အခွင့်အလမ်းများ ရှာဖွေ တွေ့ ရှိနိုင်စေရန် ရည်ရွယ်ပြီး Invest Myanmar Summit 2019 အား နေပြည်တော်၌ ၂၀၁၉ ခုနှစ် ၊ ဇန်န၀ါရီလ ၂၈ ရက်မှ စတင်ကာ ၂ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“Invest Myanmar Summit 2019 ၏ ခြားနားချက်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ ဝင်များ ၊ ပြည်နယ် နှင့် တိုင်းဒေသဆိုင်ရာ အစိုးရ အဖွဲ့ ဝင်များ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်း ကဏ္ဍ အသီးသီးမှ တက်ကြွစွာ ပူးပေါင်း ပါဝင်မှု ရှိခြင်း ဖြစ်ပါတယ်။နိုင်ငံတကာ စီးပွားရေး လုပ်ငန်း အသိုင်းအ၀ိုင်းသို့ စည်းလုံးမှု တစ်ခု အဖြစ် တင်ပြ ပေးရန် အစိုးရ နှင့် မြန်မာ ပုဂ္ဂလိက ကဏ္ဍများ အကြား ပူးပေါင်း ဆောင်ရွက်ခြင်း ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် သတင်း အချက်အလက်မှန်များ ရရှိနိုင်ရန် အစီအစဉ်များ ပြုလုပ်ပေးခြင်း စသည့် အချက်များ ပါဝင်သောကြောင့် Invest Myanmar Summit 2019 က ထူးခြားတဲ့ ပွဲတစ်ခု ဖြစ်လာမှာပါ”ဟု UMFCCI ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

Summit အကြောင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

Invest Myanmar Summit 2019 တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ နှင့်သာမက ကရင် ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ ရှမ်းပြည်နယ် နှင့် ရန်ကုန် ၊ မန္တလေး ၊ ဧရာဝတီ ၊ တနသာင်္ရီ တိုင်းဒေသ ဆိုင်ရာ အစိုးရ အရာရှိများနှင့်လည်း တွေ့ ဆုံ ဆွေးနွေးနိုင်မည့် အလားအလာ ရှိသော ပွဲတစ်ခု ဖြစ်ကြောင်း သိရသည်။ထို့ အပြင် တက်ရောက်ရန် ရည်ရွယ်ထားသည့် သြစတေးလျ ၊ တရုတ် ၊ ဥရောပ ၊ ဟောင်ကောင် ၊ အိန္ဒိယ ၊ ဂျပန် ၊ ကိုရီးယား ၊ စင်ကာပူ ၊ ထိုင်း ၊ ယူနိုက်တက် ကင်းဒမ်းနှင့် အမေရိကန် ပြည်ထောင်စု နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ ဆုံ ဆွေးနွေးရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ တာဝန်ရှိသူများလည်း ပါဝင် တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ထိုပွဲတွင် ပါဝင် တက်ရောက်နိုင်မည့်သူ ဦးရေ ၈၀၀ ခန့်  အထိ ရှိနိုင်မည်ဟု ခန့် မှန်းထားကြောင်း ၊ ထိုတက်ရောက်မည့် သူများသည် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများ ၊ စီးပွားရေး သမားများ ၊ အစိုးရ အရာရှိများနှင့် သက်ဆိုင်ရာ ဒေသများမှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြောင်း သိရသည်။

Summit ၏ ဥက္ကဋ္ဌ ဦးဝေဖြိုးက ထိုပွဲတွင် ရင်းနှီးမြှုပ်နှံသူများ နှင့် စီးပွားရေး လုပ်ငန်း ပိုင်ရှင်များ စီးပွားရေး လုပ်ငန်း ဆိုင်ရာ တွေ့ ဆုံမှုများကို လွယ်ကူ ချောမွေ့ စွာ တွေ့ ဆုံ ဆွေးနွေးပြီး အလုပ်အကိုင်များ အောင်မြင် ဖြစ်မြောက်သွားသော အနေအထားမျိုး ဖြစ်နိုင်ရန် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အခွင့်အလမ်းများကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ပိုမို သိရှိ နားလည် လာစေရန် ရည်ရွယ်၍ အစိုးရ နှင့် မြန်မာ့ ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်ပြီး Summit အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။Invest Myanmar Summit 2019 တွင် နိုင်ငံ၏ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ သာမက ပြည်သူ့ ရင်းနှီးမှု ဆိုင်ရာ စီမံကိန်းဘဏ်(Project Bank) နှင့် သက်ဆိုင်သော အကြောင်းအရာများအား ဆွေးနွေးသွားမည် ဖြစ်ပြီး ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း နှင့် အခွင့်အလမ်းများကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)