06
Fri, Dec
477 New Articles

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ၉ ရက်သာ ကျန်ရှိကြောင်း တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ တိုက်တွန်းနှိုးဆော်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--DICA) Local

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ၉ ရက်သာ ကျန်ရှိပါသဖြင့် သတ်မှတ်ချိန်အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ရန် ထပ်မံတိုက်တွန်းနှိုးဆော်ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံးဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင်၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လကာလအတွင်း သတ်မှတ်ပုံစံ နည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ကြရန် အသိပေးပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ၉ ရက်သာ ကျန်ရှိပါသဖြင့် တည်ဆဲကုမ္ပဏီ များနှင့်အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြန်လည်မှတ်ပုံတင်ဆောင်ရွက် နိုင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)