19
Wed, Jun
566 New Articles

ယခုနှစ်အတွင်း မြန်မာ့ဂျီဒီပီ သည် ၆.၆ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း

အာရှဖွံ့ဖြိုးရေးဘဏ်၏ မီဒီယာတွေ့ဆုံပွဲအားတွေ့ရစဉ် (ဆင်ဟွာ) Local

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်း မြန်မာ့ဂျီဒီပီ သည် ၆.၆ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်းကြောင်း ၎င်း၏ အစီရင်ခံစာတွင် ပါရှိသည်။

ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမှုနှင့် စီးပွားရေးနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကြောင့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ မြင့်တက် လာမည်ဟု မျှော်လင့်ရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ပါရှိသည်။  

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ် စက်တင်ဘာလတွင်ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ၆. ၆ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ပြီး နောက်တစ်နှစ် တွင် ၆ . ၈ ရာခိုင်နှုန်း တိုးတက်မည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုမှာ ပြီးခဲ့သည့်နှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ၆ .၂ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဖော်ပြသည်။ 

၂၀၁၁ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက အောင်မြင်စွာ အရှိန်မြှင့်ဆောင်ရွက်ပါက မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်အနည်းငယ် အတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ပုံမှန် ဆက်လက်ရရှိမည်ဟု ၎င်းကဆိုသည်။ အစိုးရ၏ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လျှောက်ထားမှုနှင့် အကောင် အထည်ဖော်ဆောင်မှုကို စံသတ်မှတ်ရန် ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာ စေမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အတည်ပြုလိုက်သည့် အရေအတွက်မှာ အမေရိကန်ဒေါ် လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး ယခင်နှစ် အလားတူကာလ အတွင်း အမေရိကန် ဒေါ်လာ ၈၂၃ သန်းသာရှိခဲ့သည်။ ထိုသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်လာခြင်းမှာ မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် စင်ကာပူနှင့် အာရှ ရင်းနှီးမြှုပ်နှံသူများ၏ ကတိကဝတ်များကြောင့်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သောကဏ္ဍများ ကြောင့် ယခုနှစ် စက်တင်ဘာလ တွင်ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာရေးနှစ် အတွင်း ဝန်ဆောင်မှုလုပ်ငန်းတိုးတက်မှုမှာ ကိုးရာခိုင်နှုန်း အထိ မြင့်တက်မည်ဟု မျှော်မှန်းရသည်။ မြန်မာနိုင်ငံ ဂျီဒီပီ၏ လေးပုံတစ်ပုံရှိသည့် စိုက်ပျိုးရေးကဏ္ဍမှာ ၂၀၁၈ ခုနှစ်အတွင်း ရေကြီးမှုများကြောင့် သုည ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း မှတ်တမ်း တင်ထားသည့် ၂ . ဝ ရာခိုင်နှုန်းထက် နည်းပါးသွားခဲ့သည်။ မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၆.၈ ရာခိုင်နှုန်းထိ အနည်းငယ်ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံတကာ တွင် လောင်စာဆီဈေးနှုန်းများ ကျဆင်းနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရှိန်ရနေသော်လည်း နောက်တစ်နှစ်တွင် ငွေကြေး ဖောင်းပွမှုမှာ ၇ .၅ ရာခိုင်နှုန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာမှာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။  (Xinhua)