17
Wed, Jul
533 New Articles

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇွန် ၁၀ရက်(ဆင်ဟွာ)

တရုတ် - မြန်မာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်အရ လည်းကောင်း၊ ကူမင်းမြို့ နှင့် ရန်ကုန်မြို့  အကြား ညီအစ်မ မြို့တော် (Sister City) သဘောတူညီချက်အရ လည်းကောင်း နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်သည့် စနစ် ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် ယခုနှစ် အတွင်း မြန်မာ့ဆန် အမေရိကန်ဒေါ်လာ သန်း ငါးရာဖိုး ၀ယ်ယူသွားမည်ဟု သတင်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူးက ယနေ့  နေ့ လယ်၌ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်း အကြီးဆုံးဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည် သိုလှောင်ကန်ကို ၂၀၂၁ ခုနှစ်အပြီး တည်ဆောက်မည်ဖြစ်ကြောင်း PTT Oil and Retail Business Public Company Limited နှင့် ကမ္ဘောဇအုပ်စုဝင် ကုမ္ပဏီဖြစ်သည့် Brighter Energy Retail Company Limited တို့၏ ဆီသိုလှောင်ကန်နှင့် စက်သုံးဆီ လက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်းအနားထံမှ သိရသည်။

နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ယနေ့ ဇွန် ၈ ရက် တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ပညာရေး ဝန်ဆောင်မှုနှင့် စွမ်းအင် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ၆ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၉ ခုနှစ် မေလ ၂၂ မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့သော ကိုရီးယားအသေးစားအလတ်စားလုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲ နှင့် Korean Fintech Week 2019 သို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (မေလ ၃ ရက်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၂၀.၄၉၁)ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာ (ဝ.၅၂၃)ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၂၀.၄၉၁)ဘီလီယံတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၁၇ .ဝ၇၃)ဘီလီယံ ပါဝင်သည့်အတွက်(၈၄ ရာခိုင်နှုန်း)အထိ ပါဝင်ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ (၂၇) ကြိမ်မြောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ တွင်ပြောကြားခဲ့သည်။

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ Department for International Development(DFID)နှင့် DaNa Facilityတို့ ပူးပေါင်း၍ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ (အောက်မြန်မာပြည်) ကို ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ မေ ၁၆ ရက်(ဆင်ဟွာ)

မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခု Coffee Forum မှထွက်ပေါ်လာသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြန်မာကော်ဖီအသင်းနှင့် အစုအဖွဲ့များမှ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုးသူ တောင်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းပြောကြားသည်။