25
Thu, Apr
603 New Articles

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ)

အထည်ချုပ်လုပ်ငန်းနှင့် ဆက်သွယ်ရေးသုံး Signal Cable အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း ၂ ခုတို့ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂၆)ခု အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ပထဝီအနေအထားအရ အားသာချက်များကို အသုံးချ၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက တိုက်တွန်းပြောကြားသည်။

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဒုတိယ အကြိမ် ကျင်းပ ပြုလုပ်မည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ-၂၀၁၉ တွင် ကျောက်မျက် ရတနာများ ပုံမှန် ရောင်းချခြင်းများ အပြင် လေလံစနစ်ဖြင့် ရောင်းချခြင်း အစီအစဉ်လည်း ပါဝင်မည် ဖြစ်ကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)မှ သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

လူငယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့  စီးပွားရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်း ဖြင့် မိမိတို့ နိုင်ငံ လုံခြုံမှု ရရန် ဆောင်ရွက်ကြဖို့ တိုက်တွန်းပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့  နံနက် ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀ /၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း  ၄,၂၂၆ ဦး ဖန်တီးပေးနိုင် မည့် လုပ်ငန်း(၆)ခု အားခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်နိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူလျက်ရှိရာ အထိုက်အလျောက် ထိရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

နေပြည်တော် ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အမျိုးသားစီမံကိန်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်ပြင်သစ်ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရိုသန်း ၇၀ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးအား ကျင်းပခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်တစ်ဒေါ်လာသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင်  ၁၅၇၃ ကျပ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ၁၅၁၃ကျပ် ဝန်းကျင် အထိ ၂ ရက်အတွင်း ၆၀ ကျပ် ကျဆင်းလာခဲ့သည်။

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

မြန်မာ့စီးပွားကဏ္ဍ ပိုမိုကောင်းမွန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်(၂၀၁၈)ကို ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်မြို့ ရှိ Yangon Convention Center (YCC) ၌ ယနေ့ ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ ၂ ရက်အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၉ ခုနှစ် မတ်လ အတွင်း ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။