22
Mon, Apr
608 New Articles

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး တွင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့်(၂)ခု နှင့် အတည်ပြုမိန့် (၁)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်းရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂၀၁၇နှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရန် အသိပေးကြေညာချက် အားရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ရေလုပ်သား ၄၂၆၀၀ ကျော်အတွက် မြန်မာ လုပ်သားများအား MoU စနစ်ဖြင့် စေလွှတ်နိုင်ရန် ကော့သောင်းမြို့ တွင် ရွှေ့ ပြောင်း အလုပ်သမားရုံး ဖွင့်လှစ်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ယနေ့ ညနေပိုင်းတွင် ပြောခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ပိုမို များပြားလာစေရေး ရည်ရွယ်ချက်များ ပါဝင်သည့် YSX Expo 2018 အခမ်းအနားအား ရန်ကုန် စတော့အိတ်ချိန်းမှ ကြီးမှူး၍ ယနေ့ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈)အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့်(၃)ခု နှင့် အတည်ပြုမိန့် (၃)ခု ခွင့်ပြုရန် ဆုံးဖြတ် ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

 

နေပြည်တော်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်အတွက် စစ်မှန်သော စိတ်ဓာတ်၊ ညီညွတ်သော အင်အား တို့ ဖြင့် ရပ်တည်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့  ညနေပိုင်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

သြဂုတ်လ ၁၆ရက်တွင် ဒေါ်လာဈေး အတက်ကြမ်းခဲ့ပြီး ဈေးနှုန်းမတည်ငြိမ်မှုဖြစ်ခဲ့သော်လည်း ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ဒေါ်လာဈေး သည် တစ်ဒေါ်လာကို ၁၅၁၀ ကျပ် နှင့် ၁၅၁၈ ကျပ်ကြားတွင် သာ ဈေးနှုန်းအတက်အကျဖြစ်ခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာဈေးသည် ဆက်တိုက်မြင့်တက်လျက်ရှိပြီး ယနေ့သြဂုတ်လ ၁၅ ရက် တွင် ပြင်ပဒေါ်လာလဲလှယ်သည့် ဈေးကွက်တွင် တစ်ဒေါ်လာကို ၁၅၁၂ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ Myanmar Companies Online (MyCO) တွင် ကုမ္ပဏီများမှတ်ပုံတင်ရန်နှင့် တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန်လမ်းညွှန် ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို ဒေါ်လာရောင်းချပေးလျက်ရှိပြီး ရောင်းချပေးသည့် ဒေါ်လာပမာဏမှာ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ရှိကာ ဇူလိုင် ၂၇ ရက်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ ရှစ်သိန်း ရောင်းချပေးပြီး ဖြစ်ကြောင်း သိရသည်။