23
Tue, Jul
544 New Articles

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင် စနစ်ဖြင့် သြဂုတ်လ နှင့် စက်တင်ဘာလ နှစ်လတာ အတွင်း ကုမ္ပဏီ အသစ် ၄၁၁၀ ခု မှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်းက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

ကမ်းလွန်လုပ်ကွက် အမှတ် A-6 မှ သဘာဝ ဓာတ်ငွေ့ တွေ့ ရှိမှု နှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာ ကောင်းများကြောင့် နိုင်ငံ၏ အနာဂတ် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် မျှော်လင့်ရကြောင်း နှင့် ပို့ ကုန် တန်ဖိုးကို တိုးမြှင့် နိုင်မည့် အလားအလာများ ရှိကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ တွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာ့ စီးပွားရေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ်တွင် ၇.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားကြောင်း အာဆီယံ+၃ မက်ခရို စီးပွားရေး သုတေသနရုံး(AMRO)၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ အပေါ် ရှင်းလင်း ဆွေးနွေးမှုများ အရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် နှစ်နိုင်ငံ တရားဝင် လက်မှတ် ရေးထိုး ထားသည့် MoU စနစ်ဖြင့်သာ တရားဝင် သွားရောက် လုပ်ကိုင်ရန် လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သတိပေး ကြေညာခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ အနက် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၉ ခု ရှိရာမှ ယခုအခါ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂ ခုအား အစုရှယ်ယာ ရောင်းချခွင့် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံ အသိပေး ကြေညာခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၈)အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့် (၇)ခုနှင့် အတည်ပြုမိန့် (၁၂)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အဆိုပါအသင်းချုပ်မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း AEON Mall ကုန်တိုက်(၄)ခု တည်ဆောက်ဖွင့်လှစ်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းဆိုင်ရာ တစ်နေရာတည်း ဝန်ဆောင်မှုလုပ်ငန်းစင်တာ One Stop Service Centre (OSSC)ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley ၌ စက်တင်ဘာလ ၂၄ ရက်နေ့ မှ  စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကယားပြည်နယ်အတွင်း လာရောက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီ အရေအတွက်၊ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများ၊ ကုမ္ပဏီ တစ်ခုချင်းအလိုက် ရင်းနှီးမြှုပ်နှံငွေများ၊ ပြန်လည်ရရှိလာမည့် အကျိုးကျေးဇူးများ၊ လစဉ်တိုးတက်မှု အခြေအနေများကို ခြုံငုံသုံးသပ်၍ လစဉ်အစီရင်ခံစာတွင် ထည့်သွင်း၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ပြောကြားသည်။