22
Mon, Apr
608 New Articles

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အဂတိ လိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် တစ်ရပ်အား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC) တို့  သဘောတူ လက်မှတ် ရေးထိုးခြင်းကို ယနေ့ ဇူလိုင် ၂ ရက်တွင် ရန်ကုန်မြို့ ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ် ခဲ့သည်။

နေပြည်တော်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် (၅၅) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် တင်ပြခဲ့သည့် ပုလဲ အတွဲပေါင်း ၃၆၀ တွင် နိုင်ငံပိုင် ပုလဲအတွဲ ၂၇၀ တွဲပါဝင်ရာ အဆိုပါ ပုလဲတွဲ ၂၇၀ လုံး ရောင်းထွက်ခဲ့ကြောင်း မြန်မာ့ ကျောက်မျက်ရတနာပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ယနေ့  ညနေ သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ န၀မနေ့ ဖြစ်သည့် ဇွန် ၂၈ ရက်တွင် ကျောက်စိမ်း အတွဲ ၉၂၅ တွဲကို ယူရိုငွေ ၁၁၈.၆၉၁ သန်းဖြင့် ရောင်းချ နိုင်ခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်း၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ၏ ပြည်ပငွေကြေးလဲလှယ်မှုဈေးကွက် ၌ ဒေါ်လာဈေးသည် တစ်ဒေါ်လာ ၁၃၂၄ ကျပ်ခန့်မှစပြီး တအိအိမြင့်တက်လာခဲ့ရာ ဇွန်လကုန်ပိုင်းတွင်မူ ယနေ့တစ်ဒေါ်လာ ၁၃၉၅ ကျပ် အထိ စံချိန်သစ်တင် ၍ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ အဋ္ဌမနေ့ ဖြစ်သည့် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂.၄၄၁ သန်း ဖြင့် ရောင်းချ နိုင်ခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) 

 

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၈၁၈)တွဲကို ယူရို ၈၆ .၈၆၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဆဋ္ဌမနေ့  ဖြစ်သည့် ဇွန် ၂၅ ရက်တွင် ကျောက်စိမ်း အတွဲ ပေါင်း ၈၃၃ တွဲကို ယူရို ၇၄.၁၂၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ပဉ္စမနေ့ ဖြစ်သည့် ဇွန် ၂၄ ရက်တွင် ကျောက်စိမ်း အတွဲ ပေါင်း ၉၇၃ တွဲကို ယူရိုငွေ ၃၈.၅၃ဝ သန်းဖြင့် ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ စတုတ္ထနေ့ ဖြစ်သည့် ဇွန် ၂၃ ရက်တွင် ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲပေါင်း ၆၉ တွဲအား ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

 

၂ဝ၁၈ ခုနှစ် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂,၅၉၈,၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။