23
Tue, Jul
545 New Articles

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာအုပ်စု ၁၃ အုပ်စုတွင် နွေစပါး ၃၄၅၈ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက် ရှိပြီး ယခင်နှစ်ထက် နွေစပါး ၂၀၀ ဧက ပိုမိုစိုက်ပျိုးနိုင်ရန် လျာထား ဆောင်ရွက် လျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆ဘီလီယံ ကျော် ရရှိခဲ့ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့ စီးပွားရေးလုပ်ငန်း ရှင်များ၏ (၁၅)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ၌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည်။

ရန်ကုန် ၊ မတ် ၇ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီး မြို့နယ် အတွင်း တရားမဝင်သစ် ၁၀ တန်ကျော် သယ်ဆောင် လာသည့် မော်တော်ယာဉ်အား ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

နေပြည်တော်၊ မတ်လ ၆ ရက် (ဆင်ဟွာ)

 

နိုင်ငံအ တွင်း မှန်ကန်သည့် ဈေးဖြင့် ဆန်ရနိုင်ဖို့ အရေးကြီးသည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်း နေပြည်တော်(MICC_2)တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ(၂၀၁၈) အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)မှ လူနာတင်ယာဉ် ၅၅ စီးအား ယခုနှစ်တွင် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

နေပြည်တော်၊ မတ် ၅ ရက် (ဆင်ဟွာ)

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး၌ အလုပ်သမားတစ်ဦး၏ အနည်းဆုံးလုပ်ခလစာကို တစ်ရက်လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းနှစ်ခု၌ မတ် ၃ရက်နေ့တွင် ကျပ် ၆၈သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန် ၊ မတ် ၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကျိုင်းတောင်း မြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ နမ့်တိန်ချောင်း ပေါ်တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက် ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်းအား ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။