23
Mon, Jul
753 New Articles

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာ နိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီရေး အတွက် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် လိုအပ် နေသေးကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မောင်တောဒေသ၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ဒသမ ၈၇၂ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မောင်တောကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးခင်ကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။ 

ရန်ကုန်ု ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အသက်အန္တရာယ်ပေးနိုင်သည်အထိကျန်းမာရေးထိခိုက်စေသည့် စားသောက်ကုန်နှင့်ဆေးဝါးများမြန်မာ့ဈေးကွက် အတွင်း ပြန့်နှံ့နေခြင်းကို ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက်မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် တစ်နိုင်ငံလုံးတွင်ကုန်ပစ္စည်း လေ့လာဆန်းစစ်ချက်များနှင့် ဈေးကွက်အတွင်း ထောက်လှမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တရားမဝင် အတုအပ ကုန်စည်များကို ပြင်းထန်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ တတိယအကြိမ် လစဉ်တွေ့ဆုံပွဲတွင် အဓိကထား ဆွေးနွေးခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု လျော့ကျလာသော်လည်း လွယ်ဂျယ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတို့မှ ကုန်သွယ်မှုမြင့်မား လာကာ အမေရိကန် ဒေါ်လာ သန်း ၂၈ဝ နီးပါးအထိ ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ပြည်ပမှ တင်သွင်းလာပြီး နှစ်လအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ကားများအား လေလံတင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ကိုယ့်ကိုယ်ကို အားကိုးရမည်ဖြစ်သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမရှိဘဲ လိုအပ်သော စီးပွားရေးတိုးတက်မှုများ မရနိုင်သည့်အတွက် အထူးစီးပွားရေးဇုန်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါ ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် AD လိုင်စင်ရ ဘဏ်များအပါအဝင် နိုင်ငံခြား ငွေလက်ဝယ် ကိုင်ဆောင်ခွင့်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာရေး ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ထံမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

လာမည့်ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိရန် လျာထားကြောင်း စီးပွားရေး နှင့်ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

နယ်စပ်ဒေသ စီးပွားကူးသန်းမှုတွင် မဲဆောက်-မြဝတီ နယ်စပ်သာမက ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်လုံးရှိ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak က ရန်ကုန်မြို့ ၌ ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပခဲ့သော Thailand-Myanmar Business Cooperation ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။