19
Fri, Oct
737 New Articles

ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ အဋ္ဌမနေ့ ဖြစ်သည့် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂.၄၄၁ သန်း ဖြင့် ရောင်းချ နိုင်ခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) 

 

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၈၁၈)တွဲကို ယူရို ၈၆ .၈၆၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဆဋ္ဌမနေ့  ဖြစ်သည့် ဇွန် ၂၅ ရက်တွင် ကျောက်စိမ်း အတွဲ ပေါင်း ၈၃၃ တွဲကို ယူရို ၇၄.၁၂၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ပဉ္စမနေ့ ဖြစ်သည့် ဇွန် ၂၄ ရက်တွင် ကျောက်စိမ်း အတွဲ ပေါင်း ၉၇၃ တွဲကို ယူရိုငွေ ၃၈.၅၃ဝ သန်းဖြင့် ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ စတုတ္ထနေ့ ဖြစ်သည့် ဇွန် ၂၃ ရက်တွင် ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲပေါင်း ၆၉ တွဲအား ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

 

၂ဝ၁၈ ခုနှစ် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂,၅၉၈,၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာချက်  အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် Withholding Tax (ဝင်ငွေခွန်အား ကြိုတင်ကောက်ခံခြင်း) ကို ပြည်တွင်း ပေးချေငွေများ အတွက် ကောက်ခံမည် မဟုတ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။

၎င်းသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအားနေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့ ဇွန် ၂၀ ရက်မှ စတင် ကျင်းပမည်ဖြစ်ရာကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲအတွဲစုစုပေါင်း ၇၄၉၁ တွဲအားအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်(ဧပြီလမှမေလထိ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၇၈ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၈၃ သန်းရှိသဖြင့် ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၇၆၁ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။