19
Sat, Jan
681 New Articles

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာကြောင်း ယနေ့ ကျင်းပသော ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ၂/၂ဝ၁၈ ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှုမြှင့် တင်ရေးအခမ်းအနားကို မေ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်ကကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ဖိုရမ်အား လွိုင်ကော်မြို့ ၊ ပြည်နယ် ခန်းမ၌ မေ ၂၆ ရက်တွင် ကျင်းပရာ ပြည်တွင်း ၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ ၊ ကိုယ်စားလှယ်များ အပါအ၀င် စုစုပေါင်း ဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

နေပြည်တော်၊ မေလ ၂၅ ရက် (ဆင်ဟွာ)

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်နှင့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တို့ ၏ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်အတွင်း အလှူခံရရှိငွေမှာ ကျပ် ၁၅ ဒသမ ၇၄ဘီလျံကျော် ရရှိခဲ့သည်ဟု သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ယနေ့  သတင်းစာ ရှင်းပွဲတွင် ပြောခဲ့ သည်။

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက်မှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ၂၀၁၆ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂.၉၀  သန်း လာရောက်လည်ပတ်ခဲ့ရာ မှ ၂၀၁၇ ခုနှစ်တွင် ၃.၄၄ သန်းထိ လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၏ ဒုတိယ ၁ နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုအခြေအနေအား တင်ပြခဲ့သည်။

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုနှုန်းထားများ သတ်မှတ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

 

နီပေါနိုင်ငံသို့ ပဲများ တိုက်ရိုက်ကုန်သွယ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

နေပြည်တော်၊ မေလ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံပိုင် စက်ရုံ အလုပ်ရုံပေါင်း ၁၁၅ ရုံ ရှိသည့်အနက် လက်ရှိ၌  ပုဂ္ဂလိကနှင့် ပူးပေါင်းထားပြီး စက်ရုံ ၅၇ ရုံ ရှိထားပြီး နိုင်ငံပိုင် အဖြစ် ၅၈ ရုံ ကျန်ရှိရာတွင် စက်ရုံ ရှစ်ရုံကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်း သွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ယနေ့ ညနေ သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

နေပြည်တော် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၃၃.၅၂ ဘီလီယံ ဆောင်ရွက် နိုင်ခဲ့ သည့်အတွက် ယခုနှစ် ကုန်သွယ်မှု ပမာဏသည် မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု သမိုင်းတွင် အမြင့်ဆုံး ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူးက ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် ယခုနှစ် ဧပြီလတွင် အမေရိကန် ဒေါ်လာ သန်း ၂,၂၈၀ ရှိကာ ယခင်နှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၃၀၀ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန် သော သတင်း အရ သိရသည်။