06
Fri, Dec
477 New Articles

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်သည့် ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်းသည် ဗဟိုဘဏ်မှ မူလသတ်မှတ်ထားသည့် ဘောင်အတွင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးဦးသန်းလွင်က ဆင်ဟွာ ကိုပြောသည်။

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးရှိ မြို့သာစက်မှုဥယျာဉ်မြို့တော်လုပ်ငန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ခြောက်ခုဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

Yangon Investment Forum 2018 (ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်၂၀၁၈) ကို မေလ ၉ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

အစိုးရ၏ နှစ်နှစ်တာ သက်တမ်းကာလအတွင်း ဗဟိုဘဏ်သည် ငွေကြေး တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမှီသည့် ဒေသများမှ ပြည်သူတွေ အတွက် (Unbanked People in remote areas) ငွေရေးကြေးရေးဝန်ဆောင်မှုများကို တိုးမြှင့်ရရှိစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားခဲ့သည်။

နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြန်မာ - တရုတ် စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ ငွေကြေးနှင့် နည်းပညာပိုင်း ဖွံ့ဖြိုး တိုးတက်မှု ထိပ်သီး အစည်းအဝေးကို နေပြည်တော် MICC II တွင် ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံတွင် အောင်မြင်လျက်ရှိသည့်် တတိယ ပါတီ ငွေပေးချေမှု စနစ် (Third Party Payment Platform)ကို မြန်မာနိုင်ငံ၌ စတင် မိတ်ဆက်မည့် အဖွဲသို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိလာပြီဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဖက်ကမ်းရှိမြေပေါ်တွင် တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော New Yangon Development Company LTD (NYDC) ဖွဲ့စည်းထူထောင်ကြောင်း မိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ LOTTE ဟိုတယ်တွင် ကျင်းပခဲ့သည်။

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းနှစ်ခု၌ မတ် ၂၆ရက်နေ့တွင် ကျပ် ၄၁သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အခြေပြုဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ပိုမိုတိကျသည့် အချက်အလက်များကို တိုင်းဒေသကြီးအစိုးရမှ လာမည့်မေလ၌ ထုတ်ပြန်သွားရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

မြန်မာ့ရေထွက်ကုန်များ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရေး အတွက် ဆော်ဒီအာရေဗျနိုင်ငံ သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးရာ အကြီးအကဲဖြစ်သူနှင့် ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။