17
Thu, Oct
573 New Articles

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံ(Finance Conference 2019)ကို ယနေ့ဇူလိုင် ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ ဆောင်ရေးကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၁၂)ခု ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) ကိုယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပစဉ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၇)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ကသတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးတစ်ကျပ်သားကို ကျပ် ၁,၀၈၂,၀၀၀ က ၁,၁၀၇,၀၀၀ အထိတစ်ပတ်အတွင်း ကျပ် ၂၅,၀၀၀ တက်ခဲ့ကြောင်း ရွှေဈေးကွက်သတင်းများအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခုအား မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၁,၀၄၇,၀၀၀ မှကျပ် ၁,၀၈၂,၀၀၀ အထိ တစ်လ အတွင်း ကျပ် ၃၅,၀၀၀ ခန့် တက်လာခဲ့ပြီး၊ လက်ရှိပေါက်ဈေးသည် ၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံးရွှေဈေးဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆင်ဟွာကိုပြောသည်။

နေပြည်တော်၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

၂၀၁၉ ဇွန်လ ၈ ရက်မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျပ်သန်းပေါင်း ၆၀၈၉၁ ဒသမ ၉၇၉ ဖိုး ရောင်းခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇွန် ၁၀ရက်(ဆင်ဟွာ)

တရုတ် - မြန်မာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်အရ လည်းကောင်း၊ ကူမင်းမြို့နှင့် ရန်ကုန်မြို့ အကြား ညီအစ်မ မြို့တော် (Sister City) သဘောတူညီချက်အရ လည်းကောင်း နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်သည့် စနစ် ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ယခုနှစ် အတွင်း မြန်မာ့ဆန် အမေရိကန်ဒေါ်လာ သန်း ငါးရာဖိုး ဝယ်ယူသွားမည်ဟု သတင်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ နေ့လယ်၌ ပြောကြားခဲ့သည်။