15
Fri, Dec
618 New Articles

တရုတ်နိုင်ငံ၏ တာရာကိုတာ စစ်သည်တော် အရုပ်များကို အမေရိကန်ပြတိုက်၌ ခင်းကျင်းပြသမည်

တရုတ်နိုင်ငံရှိ တာရာကိုတာ ရွံ့ ရုပ်များအားတွေ့ ရစဉ်(ဆင်ဟွာ) Culture & Entertainment

ပေကျင်း၊နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တာရာကိုတာ(Terracotta) စစ်သည်တော် ရွံ့ ရုပ်များကို အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ရစ်မွန်(Richmond) ရှိ ဗာဂျီးနီးယားအနုပညာ ပြတိုက်(VMFA) ၌ နိုဝင်ဘာလအတွင်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို (တာရာကိုတာစစ်သည်တော် - ပထမဆုံး တရုတ်အင်ပါယာ၏ အမွေအနှစ်) “ Terracotta Army. Legacy of the first Emperor of China” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လူသားအရွယ် ပုံတူ တာရာကိုတာ စစ်သည်တော် အရုပ်ပေါင်း ၁ဝ ရုပ်အပါအဝင် စစ်သားအရုပ်ပေါင်း ၁၃ဝ ကျော်ကို ပြသသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံရှိ တာရာကိုတာ ရွံ့ ရုပ်များအားတွေ့ ရစဉ်(ဆင်ဟွာ)

၎င်းပြပွဲကို နိုဝင်ဘာလ ၁၈ ရက် မှ မတ်လ ၁၁ ရက်အထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)