27
Mon, May
576 New Articles

တရုတ်နိုင်ငံ အမျိုးသားပြတိုက်တွင် တရုတ်နှစ်သစ်ကူးအား ပြခန်းများဖွင့်လှစ်၍ ကြိုဆို

တရုတ်နိုင်ငံရှိ အမျိုးသားပြတိုက်သို့ လာရောက်လေ့လာသူများအား တွေ့ရစဉ် (ဆင်ဟွာ) Culture & Entertainment

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ အမျိုးသားပြတိုက်၌ တရုတ်ရိုးရာပြက္ခဒိန်အရ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကျရောက်မည့် ခွေးနှစ်အား ကြိုဆိုသည့်အနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ခင်းကျင်းပြသထားကြောင်း သိရသည်။

အိုး၊ ကြေးထည်၊ ကြွေထည်၊ ကျောက်စိမ်းထည်၊ တရုတ် နွေဦးပွဲတော်နှင့် ဆက်စပ်သော ဆေးရောင်ခြယ် ရိုးရာလက်မှုလက်ရာများ၊ မင်္ဂလာရှိသော ခွေးရုပ်ပုံများ အပါအဝင် ပစ္စည်းအမျိုးအစားပေါင်း ၁၀၀ ကျော်အား ခင်းကျင်းထားသည်။

အစဉ်အလာအရ တရုတ်ရိုးရာ ယဉ်ကျေးမှုတွင် ခွေးသည် သတင်းကောင်း ရရှိခြင်းနှင့် ပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးသော ၁၂ လ ရာသီခွင် အမှတ်အသား တစ်ခုဖြစ်သည်။

အဆိုပါ ပြခန်းအား မတ်လ ၃၀ ရက်အထိ ပြသထားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)