24
Fri, May
583 New Articles

သမ္မတရှီက လူ့ ယဉ်ကျေးမှုသမိုင်းတွင် အာရှယဉ်ကျေးမှုအဖွဲ့ အစည်းများက “ အောင်မြင်မှုရှိသော စာမျက်နှာ” ကိုရေးထိုးနေပြီဖြစ်ကြောင်း ပြောကြား

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ၌ မိန့် ခွန်းပြောကြားနေသော တရုတ်သမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ) Culture & Entertainment

ပေကျင်း ၊ မေ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူ့ ယဉ်ကျေးမှုသမိုင်းတစ်လျှောက်တွင် အောင်မြင်မှုရှိသော မျက်နှာတစ်ခုကို အာရှယဉ်ကျေးမှုက မှတ်ကျောက်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ယနေ့ မေ ၁၅ ရက်တွင် ကျင်ပပြုလုပ်သည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ(CDAC)၏ အဖွင့်မိန့် ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

လူသားတို့ အစောဆုံးအခြေချနေထိုင်ရာဒေသတစ်ခု နှင့် လူ့ ယဉ်ကျေးမှုရှင်သန်ပေါက်ဖွားရာ အဓိကနေရာတစ်ခုအဖြစ် အာရှတိုက်သည် ကမ္ဘာမြေ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ထားကြောင်း ၊ ကမ္ဘာ့ လူဦးရေ၏ သုံးပုံနှစ်ပုံ မှီတင်းနေထိုင်လျက်ရှိကြောင်း ၊ နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့်အတူ မျိုးနွယ်စုပေါင်း ၁ဝဝဝ ကျော် အာရှတွင် တည်ရှိနေကြောင်း ရှီ၏အဖွင့်မိန့် ခွန်းတွင် ဖော်ပြထားသည်။

အာရှတိုက်သားများသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုစွမ်းဆောင်ချက်များကို တည်ဆောက်ခဲ့ကြကြောင်း နှင့် ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်မှုများ နှင့် အစောပိုင်းကာလကတည်းက နှစ်ဘက်အပြန်အလှန်ဖလှယ်မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ၄င်းက ဆိုသည်။(Xinhua)