23
Thu, May
583 New Articles

အာရှယဉ်ကျေးမှုအပေါ် ယုံကြည်ရန် သမ္မတရှီ တိုက်တွန်း

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ၌ မိန့် ခွန်းပြောကြားနေသော တရုတ်သမ္မတရှီကျင့်ဖိန် အားတွေ့ ရစဉ် (ဆင်ဟွာ) Culture & Entertainment

ပေကျင်း ၊ မေ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အာရှလူ့ အဖွဲ့ အစည်းအနေဖြင့် ယဉ်ကျေးမှုအပေါ် တိုးမြှင့်ယုံကြည်ရန် မေ ၁၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ဟာ ကမ္ဘာပေါ်မှာ အခြားယဉ်ကျေးမှုတွေနဲ့ အတူ အပြန်အလှန်ဖလှယ်မှု နဲ့ နှစ်ဖက်အပြန်အလှန်လေ့လာသင်ယူမှုကို ထိန်းသိမ်းသွားသင့်ပါတယ်။ပြီးတော့ အာရှယဉ်ကျေးမှု အောင်မြင်တဲ့စာမျက်နှာသစ်တစ်ခုကို ရေးထိုးဖို့ အပြည့်အဝယုံကြည်မှုထားသွားရမှာပါ ” ဟု ရှီက ဆိုသည်။

ပေကျင်းမြို့ ၌ကျင်းပသည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံတွင် အဖွင့်မိန့် ခွန်းပြောကြားစဉ် သမ္မတရှီက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု နှင့်အတူ အာရှလူမှုအသိုက်အဝန်း မျှဝေအနာဂတ်တစ်ခုကို ပူးတွဲတည်ဆောက်သွားဖို့ ယဉ်ကျေးမှုဆိုင်ရာ အုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်သွားသင့်ပါတယ် ” ဟု ၄င်းကဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)