19
Thu, Jan
682 New Articles

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန နိုင်ငံတကာရေးရာ ဌာန လက်ထောက်ဝန်ကြီး Nathan Sheets က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တရုတ် နိုင်ငံ၏ စီးပွားရေး သည် လက်ရှိချိန်တွင် အသွင်ကူးပြောင်းရေး ကာလ ၏ အရေးပါသည့် အချိန်ဖြစ်နေပြီး ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၊ သို့သော် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ရန် နည်းလမ်း အပြည့်အစုံ ရှိကြောင်း ပြောကြား ခဲ့သည်။

ဘန်န်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အနေဖြင့် လွတ်လပ်ပြီး ပွင့်လင်းမှု ရှိသော နိုင်ငံတကာ စီးပွားရေး အစီအစဉ်တွင် ဘုံ အကျိုးစီးပွားများ မျှဝေ ရရှိရေးနှင့် ကိုယ်ကျိုးစီးပွားရှာ ကုန်သွယ်ရေး အမျိုးအစား အားလုံးကို ဆန့်ကျင်ရန်အတွက် အတူတကွ လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီလ ၁၇ ရက်က တိုက်တွန်း ပြောကြားလိုက်သည်။

ဟနွိုင်း ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံ၏ ကုန်သွယ်မှု သည် တိုးတက် ခဲ့ပြီး ဗီယက်နမ် မှ တရုတ် နိုင်ငံ သို့ တင်ပို့မှုသည် များစွာ တိုးတက်ခဲ့သည်။ လက်ရှိချိန်တွင် ဗီယက်နမ် နိုင်ငံ သည် တရုတ် နိုင်ငံ ၏ အာဆီယံ နိုင်ငံများအတွင်း တရုတ် နိုင်ငံ၏အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ ဖြစ်ခဲ့သည်။

ဘီရှ်ကတ် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကာဂျစ္စတန် နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကာဂျစ္စတန် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ကုန်တင်ကားများသည် ကာဂျစ္စတန် နိုင်ငံ မြို့တော် ဘီရှ်ကတ် နှင့် နိုင်ငံ တောင်ပိုင်း မြို့ဖြစ်သည့် Osh မှ တရုတ် နိုင်ငံ ဥရုမုချီ(Urumqi) မြို့သို့ တိုက်ရိုက်ဝင်ရောက် နိုင်ပြီး တရုတ်-ကာဂျစ္စတန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကားလမ်းကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁ဝ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂ဝ၁၆ ခုနှစ်တွင် ခန့် မှန်းခြေ ၆.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းပညာရှင် တစ်ဦးက ဇန်နဝါရီလ ၁ဝ ရက်တွင်ပြောကြားလိုက်သည်။

ပေကျင်း ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ စွမ်းအင် ၊ စီးပွားရေး နှင့် ငွေကြေး လေ့လာသုံးသပ်ရေး သုတေသန မှ ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ၂၀၁၆ ခုနှစ်၌ တရုတ် နိုင်ငံ ၏ ပြည်ပ ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု သည် ၆၀ ရာခိုင်နှုန်း တိုးမြှင့် ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၂ ဘီလီယံ ဖြင့် စံချိန်သစ် တင်ခဲ့ကာ ကမ္ဘာ့ ပြည့်ဖြိုးမြဲ စွမ်းအင် ဈေးကွက် တွင် အများဆုံး ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

နယူးယောက် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) 

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ၏ နိုင်ငံရေး အုပ်ချုပ်မှု လမ်းစဉ်တွင် အခြေခံ အဆောက်အအုံ ကဏ္ဍ မြှင့်တင်ခြင်းသည် စီးပွားရေး တိုးတက်ရန် အတွက် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပြီး ဤသည်မှာလည်း တရုတ် နိုင်ငံ မှ ဖော်ဆောင်နေသည့် "ခေတ်သစ်ပိုးလမ်းမကြီး" စီမံကိန်း ၏ အခြေခံအဆောက်အအုံ ကဏ္ဍ အား တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သည့် အယူအဆ နှင့် ကိုက်ညီနေသောကြောင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် ယင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကြီးမားစွာ ရှိနေကြောင်း ပြောကြား ကမ္ဘာ့ဘဏ် ၏ ထိပ်တန်း စီးပွားရေး ပညာရှင် ဟောင်း ၊ ပေကျင်း တက္ကသိုလ် ပါမောက္ခ လင်ရိဖူး က ဇန်နဝါရီလ ၅ ရက်နေ့တွင် နယူးယောက်၌ ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လန်ဒန်သို့ တိုက်ရိုက် ပြေးဆွဲမည့် ပထမဆုံး ကုန်တင် ရထားကို ဇန်နဝါရီလ ၁ ရက်တွင် စတင် ဖွင့်လှစ်လိုက်ကြောင်း တရုတ်နိုင်ငံ ရထား ကော်ပိုရေးရှင်းက ပြောကြားလိုက်သည်။

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဆိုလာ စီမံကိန်း တစ်ရပ်အတွက် ချေးငွေ ယွမ် ၅၂၅ သန်း (အမေရိကန် ဒေါ်လာ ၇၅ သန်း) အား ထောက်ပံ့ပေးမည့် ပထမဆုံး ချေးငွေ သဘောတူ စာချုပ်အား BRICS New Development Bank (NDB) က ဒီဇင်ဘာလ ၂၁ ရက်က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ဆန်ရှ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ဘက်စွန်းရှိ ဆန်ရှမြို့သည် ကမ္ဘာပေါ်ရှိ အကြီးဆုံး ကုမ္ပဏီ ၅၀၀ အနက် ၁၆ ခုအား ကျွန်းပေါ်တွင် လုပ်ငန်း လုပ်ကိုင်ရန် ဆွဲဆောင်ထားနိုင်ကြောင်း ဆန်ရှကျွန်း ဒုတိယမြို့တော်ဝန် ဖန် ဝန်ဟိုင်က အဆိုပါမြို့၏ လတ်တလော လုပ်ငန်းခွင် အစီရင်ခံစာ တင်ပြချက်၌ ပြောကြားထားသည်။

Page 1 of 2