18
Sun, Aug
553 New Articles

နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံဝန်ကြီးချုပ် နှင့် ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ တို့  ဆွေးနွေး

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်(ယာ) နှင့် ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာလ်ပတ်စ်(ဝဲ)တို့ ဆွေးနွေးစဉ်(ဆင်ဟွာ) Economy

ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာလ်ပတ်စ် တို့ သည် ဇွန် ၁၁ ရက်တွင် တွေ့ ဆုံခဲ့ပြီး နှစ်ဖက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လီက တရုတ်နိုင်ငံ နှင့် ကမ္ဘာ့ ဘဏ်အကြား ပူးပေါင်းဆောင်ရွက်မှုသည် တီထွင်ဖန်တီးမှု ၊ တံခါးဖွင့်မှု ၊ ပွင့်လင်းမြင်သာမှု နှင့် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု တို့ ကို ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကျင့်သုံးရေးနယ်ပယ်များတွင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ အတွင်း ချေးငွေများနှင့် အသိဥာဏ်အတွေ့ အကြုံများရရှိခြင်းနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များမှာ ကျယ်ပြန့် ကြောင်း ၊ ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အတွက် အကူအညီဖြစ်နိုင်ကြောင်း ၊ တောင်-မြောက် ကမ္ဘာ နှစ်ခြမ်းအကြား ဆင်းရဲချမ်းသာကွာဟမှုကို ကျဉ်းမြောင်းစေလိမ့်မည်ဖြစ်ကြောင်း နှင့် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ၄င်း ကဆိုသည်။

“  လက်ရှိ နိုင်ငံတကာစီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ စနစ်များတွင် ဆောင်ရွက်သူ ၊ တည်ဆောက်သူ နှင့် ပူးပေါင်းပါဝင်သူတစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုမျဉ်းကြောင်းပေါ်တွင် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်စေရန် နှင့် ကမ္ဘာ့ ဖွံ့ ဖြိုးတိုးတက်မှု နှင့် ကြွယ်ဝချမ်းသာမှုအတွက် ကမ္ဘာ့ ဘဏ်နှင့်အတူ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် လက်တွဲသွားရန် ဆန္ဒရှိကြောင်း ” ရှီက ဆိုသည်။

လက်ရှိ နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးမှု နှင့် စိန်ခေါ်မှု တို့ ရှိနေပြီး တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း အချို့ သောစွန့် စားမှုများ နှင့် စိန်ခေါ်မှုများဖြင့် ကြုံတွေ့ နေရကြောင်း လီက ဆိုသည်။ ကမ္ဘာ့ အကြီးမားဆုံး ဖွံ့ ဖြိုးတိုးတက်နေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ၄င်း၏ ကိုယ်ပိုင် လုပ်ငန်းဆောင်တကာများကို နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှုများဖြင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ မာလ်ပတ်စ်က တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု နှင့် ဖွံ့ ဖြိုးမှုကို ထူးကဲစွာ ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူများစွာကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ကြောင်း နှင့်  တီထွင်ဖန်တီးမှုဖွံ့ ဖြိုးတိုးတက်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို စဉ်ဆက်မပြတ်တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ ဘဏ်သည် တရုတ်နိုင်ငံနှင့်အတူ နှစ်ဖက်ဆက်ဆံရေးမူဘောင်(သို့ မဟုတ်) အသိုက်အဝန်းတစ်ခုကို နယ်ပယ်ကဏ္ဍစုံတွင် နက်ရှိုင်းစွာတည်ဆောင်သွားပြီး နှစ်ဖက်အပြန်အလှန် အကျိုးရလဒ်အတွက် ကြိုးပမ်းအားထုတ်သွားရန် နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ ဖြိုးတိုးတက်မှုကို မြှင့်တင်သွားရန် ရှေ့ ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မာလ်ပတ်စ်က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)