24
Fri, May
583 New Articles

ဂျင်နန်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့ နိုင်ငံပေါင်း ၅၃ နိုင်ငံမှ ခရီးသွားများအတွက် ယနေ့ ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံအတွင်းရှိ မြို့ ၅ မြို့ ကို ဗီဇာမလိုဘဲ ၁၄၄ နာရီ ခရီးတစ်ထောက်ဝင်ရောက်လည်ပတ်ခွင့်ကို စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ စက်မှုလုပ်ငန်းကြီးများ ၏ အမြတ်ငွေသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပြီး ၂၀၁၈ခုနှစ် ၏ ပထမ ၁၁ လတွင် ၁၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ ဇန်နဝါရီလ မှ အောက်တိုဘာ ကာလအထိ ၁၃.၆ ရာခိုင်နှုန်းကျယ်ပြန့်မှုထက် ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန (National Bureau of Statistics) က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဟိုင်းခို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းစွန်း ဟိုင်နန်ကျွန်း(Hainan)သို့  ယခုနှစ် ပထမ ၁၁လအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုသည် ၁.၁သန်း ထိရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၁၂.၆ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တို့က ဒီဇင်ဘာ ၂၃ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ထပ်တိုးနိုင်ငံ ခြောက်နိုင်ငံမှ အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်ထားမှုများအား အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုပေးလိုက်ကြောင်း၊ ယခုအခါ အဖွဲ့ဝင် စုစုပေါင်း ၉၃ အထိ နိုင်ငံရှိလာပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်တွင် ကြေညာခဲ့သည်။

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး e-စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ(Alibaba)က တစ်ရက်တာပြုလုပ်ကျင်းပသည့်လူလွတ်များနေ့ဈေးရောင်းပွဲတော်(Singles’ Day) အတွင်း အွန်လိုင်းဖလက်ဖောင်းပေါ်မှတဆင့် ကုန်ပစ္စည်းများကို တရုတ်ယွမ်ငွေ ၂၁၃.၅ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃၀.၇ ဘီလီယံ) ဖိုး စံချိန်တင်ရောင်ချခဲ့ရကြောင်း ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံ ကုန်သွယ်ရေး ၊ ခရီးသွား နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီး Simon Birmingham က တရုတ် နိုင်ငံ တွင် ပထမဦးဆုံး အကြိမ်ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာ သွင်းကုန် ပြပွဲ(CIIE) တွင် သြစတြေးလျ နိုင်ငံ မှ ကုန်သည်များအား တရုတ် နိုင်ငံ ၏ အောင်မြင်မှုအား ပိုမိုသိရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့ ၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံအဆင့် ကမ္ဘာ့ ပထမဆုံး သွင်းကုန်ပြပွဲ အဖွင့်မိန့် ခွန်းပြောကြားရာတွင် နိုင်ငံတကာကုန်သွယ်ရေးဖွံ့ ဖြိုးတိုးတက်မှု၏ သမိုင်းဝင် အရွေ့ တစ်ခုအဖြစ် “ လမ်းသစ်ဖောက်ခြင်း” ဟူ၍ ထုတ်ဖော်ပြောကြားခဲ့သည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo) သို့ တက်ရောက်လာသော ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်များနှင့် နိုဝင်ဘာလ ၅ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် နိုင်ငံစုံနှင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၅ ရက်တွင် ပြောကြားလိုက်သည်။

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တဖက်သတ်ဝါဒ နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို နိုင်ငံအားလုံးအနေဖြင့် ရှင်းရှင်းလင်းလင်းဖယ်ရှားသွားသင့်ကြောင်း နှင့် တံခါးဖွင့်ဝါဒကို ကျင့်သုံးသွားသင့်ကြောင်း ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။