14
Sat, Dec
507 New Articles

ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် စာတမ်းဖတ်ပွဲတစ်ခုတွင် သဘာပတိအဖြစ် ဆောင်ရွက်၍ ဒုတိယနှစ်ဝက်ကာလအတွင်းစီးပွားရေးအခြေအနေများ နှင့် စီးပွားရေးလုပ်ဆောင်မှုများအပေါ် CPC အဖွဲ့ဝင်မဟုတ်သူများထံမှ ထင်မြင်ချက်များ နှင့် အကြံပြုချက်များတောင်းခံမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံအား ကျော်တက်ကာ ယခုနှစ် Fortune Global 500 စာရင်းတွင် ကုမ္ပဏီအရေအတွက်အများဆုံး ပါဝင်လာခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံတကာငွေကြေးဈေးကွက်တွင် သတိပြုမိကြသည်ဆိုသောအနေအထားတွင်သာရှိခဲ့သည့်ငွေကြေး အဖြစ်မှသည်ယခုအခါကမ္ဘာအနှံ့အသိအမှတ်ပြုခံရသည့်အခြေအနေသို့ရောက်ရှိလာခဲ့သော ငွေကြေး တစ်မျိုးကိုဖေါ်ပြပါဆိုလျှင် တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သော ယွမ်ငွေ ကို ရည်ညွှန်း ဖေါ်ပြရပေမည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အဆင့်တွင်တရုတ်ယွမ်ငွေ ပါဝင်မှုတိုးမြင့်လာခြင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားနှင့်ပြောင်းလဲမှုမရှိနိုင်သောတံခါးဖွင့်စီးပွားရေးလုပ်ငန်းစဉ်တိုးတက်မှု တို့အားဖေါ်ပြနေ ခြင်းလည်းဖြစ်ပေသည်။

ထျန်းကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun သည် ဇူလိုင်လ ၈ ရက်က တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမှ ဥရောပတိုက် အနောက်မြောက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ် ဇွန်လ ကုန်ပိုင်းအထိ မော်တော်ကား အရေအတွက် အစီးရေ သန်းပေါင်း ၃၄ဝ ရှိကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန(MPS) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ၏ မေတ္တာရပ်ခံချက်အရ ဇွန် ၂၄ ရက် တွင် တရုတ်နိုင်ငံဒုတိယ ဝန်ကြီးချုပ် လျှိုဟဲ(Liu He) နှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး Steven Mnuchin တို့သည် ကုန်သွယ်ရေးကိစ္စ တယ်လီဖုန်းဖြင့်ပြောဆိုခဲ့ကြကြောင်း သိရသည်။

ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာလ်ပတ်စ် တို့သည် ဇွန် ၁၁ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်ဖက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ ဟူနန်ပြည်နယ် အလယ်ပိုင်းတွင် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပရန်လျာထားပြီး အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှ တက်ရောက်ရန် အတည်ပြုထားကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးက ယနေ့(ဇွန် ၂ ရက်)တွင် တရုတ်-အမေရိကန် စီးပွားရေး နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများဆိုင်ရာ ကဏ္ဍစုံပါဝင်သည့် စက္ကူဖြူကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းဆွေးနွေးမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။(Xinhua)

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် ၏ ငွေတိုက်စာချုပ်ဝယ်ယူမှုတွင် တရုတ်မှ သုံးလ ဆက်တိုက်ဝယ်ယူမှုမြင့်တက်ပြီးနောက် မတ်လ တွင် တရုတ်၏ ငွေတိုက်စာချုပ်ဝယ်ယူမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၂၁ ထရီလီယံ အထိကျဆင်းခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ၏ ဘဏ္ဍာရေးဝန်ကြီးဌာ က မေလ ၁၃ ရက် တွင်ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။