28
Fri, Feb
441 New Articles

ကွမ်ကျိုး၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော်ကြီးကို အောက်တိုဘာ ၁၅ ရက်က ကွမ်ကျိုးမြို့တွင် စတင်ခဲ့ကြောင်း သိရသည်။ ကုန်စည်ပွဲတော်ကျင်းပနေသည့် သတင်းအချက်အလက်များအရ လက်ရှိတွင် ကွမ်ကျိုး ကုန်စည်ပွဲတော်ကြီးသည် ကောင်းမွန်တည်ငြိမ်တိုးတက်နေရာ ပါဝင်ပြသသည့် ကုန်ပစ္စည်းများ ပိုမိုအရည်သွေးကောင်းလာပြီး ပြည်ပ ကုမ္ပဏီလုပ်ငန်းများနှင့် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ အကျိုးရှိထိရောက်စွာဝင်ရောက်နိုင်ရန်  အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။

ကွမ်ကျိုး၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

နိုင်ငံနှင့်ဒေသပေါင်း ၂၁၀ ကျော်မှ အဝယ်ကုန်သည်လုပ်ငန်းရှင်များ  ကွမ်ကျိုးကုန်စည်ပွဲတော်သို့ လာရောက်၍ ကုန်ပစ္စည်းဝယ်ယူမှုဆိုင်ရာများကို လာရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ရွှီပင်းက ပြောကြားခဲ့သည်။

ကွမ်ကျိုး၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

၁၂၆ ကြိမ်မြောက် ကွမ်ကျိုးသွင်းကုန်ထုတ်ကုန်ကုန်စည်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ရာ ယခုကျင်းပမည့်ကုန်စည်ပွဲတော် ရှိသွင်းကုန်ပြပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် ကုမ္ပဏီလုပ်ငန်းများက ပါဝင်မှုအများဆုံး ဖြစ်ကြောင်း  ၎င်းကုန်စည်ပွဲတော်ဖွင့်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် နိုင်ငံနှင့်ဒေသပေါင်း ၂၁ ခုမှ ကုမ္ပဏီလုပ်ငန်း ၃၆၇ ခုက  ပါဝင်ပြသမည်ဖြစ်ရာ ကုန်စည်ပွဲတော်ရှိ သွင်းကုန်ပြပွဲ၏ ၆၀ ရာခိုင်နှုန်းနီးပါး ဖြစ်ကြောင်း သိရသည်။ 

ကျိနန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

လွန်ခဲ့သောရက်ပိုင်းများက  တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဝူတိခရိုင်အတွင်းရှိ လူးပေ ဆားကွက်၏ ပင်လယ်ဆားရိတ်သိမ်းကာလဖြစ်ရာ ကျားကွက်သဖွယ်စီရီထားသော ဆားကန်များသည်  ဆေးရောင်စီချယ်ထားသဖွယ် အမြင်တစ်မျိုးဖြင့် လှပနေသည်။

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟဲပေပြည်နယ် မြို့တော် ရှီးကျားကျွမ်းတွင် အောက်တိုဘာ ၁၁ ရက်၌ ဖွင့်လှစ်သည့် ၂၀၁၉ ခုနှစ် တရုတ် နိုင်ငံတကာ ဒီဂျစ်တယ်စီးပွားရေးပြပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua) 

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ စီးပွားရေးလုပ်ငန်းများက အကျိုးအမြတ် မျှဝေမှုများအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မျှော်လင့်နေကြကြောင်း သိရသည်။

ဂျီနီဗာ ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေး ဖိုရမ် ၏ အောက်တိုဘာ ၉ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သော “ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည် အဆင့် သတ်မှတ်ချက် အစီရင်ခံစာ” တွင် တရုတ် နိုင်ငံ ၏ ဘက်စုံ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် က အဆင့် ၂၈ တွင် တည်ရှိနေပြီး အဆင့်သတ်မှတ်ချက် က ယခင်နှစ်နှင့် တူသော်လည်း ရမှတ်များ က တည်ငြိမ်စွာ မြင့်တက်လာကြောင်း တွေ့ရှိခဲ့ရသည်။

ရှန်ဟိုင်း၊အောက်တိုဘာ၈ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်ကာလအတွင်း ရှန်ဟိုင်းမြို့၌ ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှုပမာဏသည် တရုတ်ယွမ်ငွေ ၂၅ဒသမ၃ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃ဒသမ၅ ဘီလီယံကျော်) ထိရှိခဲ့ကြောင်း ၊ ယခင်နှစ်အလားတူကာလထက် ၁၀ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း ရှန်ဟိုင်းမြို့တော်မြူနီစပယ်ကော်မရှင်၏ စီးပွားရေးညွှန်းကိန်းများအရ သိရသည်။

ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသားနေ့ အားလပ်ရက် ခုနှစ်ရက် အတွင်း ပြည်တွင်း ခရီးစဉ် စုစုပေါင်း ၇၈၂ သန်း သွားလာခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် ၇ ဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပေကျင်း၊အောက်တိုဘာ၆ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ခရီးသွားလုပ်ငန်း မြှင့်တင်ရန် တွန်းအားပေးနေချိန်တွင် တရုတ်နိုင်ငံ၏သစ်တောခရီးသွားလုပ်ငန်းသည် ယခုနှစ် ပထမ(၈) လအတွင်း တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်၊၊