28
Fri, Feb
442 New Articles

ချုံချင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းနယ်မြေတွင် ကျင်းပခဲ့သော 2019 Smart China Expo တွင် ရင်းနှီးမြှုပ်နှံမှု ယွမ် ၈၁၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅.၇ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်း ၅၃၀ အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒကျင့်သုံးမှုနှင့်အတူ အလေးထားလုပ်ဆောင်ရန် မဟာဗျူဟာမြောက်အရွေ့တစ်ခုအဖြစ် လွတ်လပ်သောကုန်သွယ်မှု (FTZ) ရှေ့ပြေးဇုန်သစ် ၆ ခုအတွက် မာစတာပလန် (အထူးအစီအစဉ်) တစ်ခုအား သြဂုတ် ၂၆ ရက်တွင် ကြေညာလိုက်သည်။

ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် စာတမ်းဖတ်ပွဲတစ်ခုတွင် သဘာပတိအဖြစ် ဆောင်ရွက်၍ ဒုတိယနှစ်ဝက်ကာလအတွင်းစီးပွားရေးအခြေအနေများ နှင့် စီးပွားရေးလုပ်ဆောင်မှုများအပေါ် CPC အဖွဲ့ဝင်မဟုတ်သူများထံမှ ထင်မြင်ချက်များ နှင့် အကြံပြုချက်များတောင်းခံမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံအား ကျော်တက်ကာ ယခုနှစ် Fortune Global 500 စာရင်းတွင် ကုမ္ပဏီအရေအတွက်အများဆုံး ပါဝင်လာခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံတကာငွေကြေးဈေးကွက်တွင် သတိပြုမိကြသည်ဆိုသောအနေအထားတွင်သာရှိခဲ့သည့်ငွေကြေး အဖြစ်မှသည်ယခုအခါကမ္ဘာအနှံ့အသိအမှတ်ပြုခံရသည့်အခြေအနေသို့ရောက်ရှိလာခဲ့သော ငွေကြေး တစ်မျိုးကိုဖေါ်ပြပါဆိုလျှင် တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သော ယွမ်ငွေ ကို ရည်ညွှန်း ဖေါ်ပြရပေမည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အဆင့်တွင်တရုတ်ယွမ်ငွေ ပါဝင်မှုတိုးမြင့်လာခြင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားနှင့်ပြောင်းလဲမှုမရှိနိုင်သောတံခါးဖွင့်စီးပွားရေးလုပ်ငန်းစဉ်တိုးတက်မှု တို့အားဖေါ်ပြနေ ခြင်းလည်းဖြစ်ပေသည်။

ထျန်းကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun သည် ဇူလိုင်လ ၈ ရက်က တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမှ ဥရောပတိုက် အနောက်မြောက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ် ဇွန်လ ကုန်ပိုင်းအထိ မော်တော်ကား အရေအတွက် အစီးရေ သန်းပေါင်း ၃၄ဝ ရှိကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန(MPS) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ၏ မေတ္တာရပ်ခံချက်အရ ဇွန် ၂၄ ရက် တွင် တရုတ်နိုင်ငံဒုတိယ ဝန်ကြီးချုပ် လျှိုဟဲ(Liu He) နှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး Steven Mnuchin တို့သည် ကုန်သွယ်ရေးကိစ္စ တယ်လီဖုန်းဖြင့်ပြောဆိုခဲ့ကြကြောင်း သိရသည်။

ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာလ်ပတ်စ် တို့သည် ဇွန် ၁၁ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်ဖက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ ဟူနန်ပြည်နယ် အလယ်ပိုင်းတွင် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပရန်လျာထားပြီး အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှ တက်ရောက်ရန် အတည်ပြုထားကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။