20
Mon, Jan
480 New Articles

ကိုယ်ကျိုးစီးပွားကာကွယ်မှု နှင့် တစ်ဖက်သတ်ဝါဒများ ကြီးထွားလာမှုကြောင့် အခက်အခဲ အတားအဆီးများ ဖြစ်ပေါ်နေသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု (BRI) သည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများ အားလုံးအတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေရှိသော အားကောင်းသည့် အလားအလာကောင်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။

ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် (BRF) ၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီလ ၁၉ ရက်တွင် ကြေညာလိုက်သည်။

ကွမ်ကျိုး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

Canton ပြပွဲဟု လူသိများသော ၁၂၅ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန်ပြပွဲအား တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျိုး၌ ဧပြီလ ၁၅ ရက်က ဖွင့်လှစ်လိုက်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသထက်ဝက်ကျော်မှ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဇာဂရက်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်-ခရိုအေးရှား နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiangနှင့် ခရိုအေးရှားဝန်ကြီးချုပ် Andrej Plenkovicတို့က ဧပြီ ၁၀ ရက်က ပြောကြားလိုက်သည်။

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဒူဘိုင်းမြို့၏ စတုတ္ထအကြီးဆုံး ခရီးသွားဧည့်သည် အရင်းအမြစ်ဈေးကွက် ဖြစ်လာခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မေလ ၁၀ ရက်၌ အရည်အသွေးမြင့် တရုတ် စိုက်ပျိုးရေး ထုတ်ကုန်များ ခင်းကျင်းပြသမည့် ၃ ရက်ကြာ ကုန်စည်ပြပွဲအား ပြုလုပ်ရန်ရှိကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ကြီးထွားလာသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative= BRI) က ဖွံ့ဖြိုးဆဲနိုင်ငံများရော ဖွံ့ဖြိုးပြီးနိုင်ငံများကိုပါ အကျိုးကျေးဇူးရှိသည့် အလားအလာနှင့် အခိုင်အမာဆွဲဆောင်ထားသည်ကို ပြသနေကြောင်း တွေ့ရသည်။

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ယခုနှစ် နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော တရုတ်နိုင်ငံ၏ နိုင်ငံတကာ သွင်းကုန်ပြပွဲ China International Import Expo= CIIE) တွင် ကုမ္ပဏီပေါင်း ၁,၈၀၀ ကျော် စာရင်းပေးထားကြောင်း စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသားတစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ၂၀၁၈ခုနှစ်အကုန်တွင် ဘဏ်ကတ် ၅ကတ်ကျော် ကိုင်ဆောင်ထားပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ မှ လူအများအပြားသည် ငွေစက္ကူဖြင့် လဲလှယ်သုံးစွဲမှုမှ ကတ်စနစ်သို့ ပြောင်းလဲသုံးစွဲလာကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတစ်ခုအရသိရသည်။

နန်နင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တုံရှင်းမြို့နှင့် ဗီယက်နမ်နိုင်ငံ မုံချိုင့်မြို့တို့အား ချိတ်ဆက်ထားသော နယ်စပ်ဖြတ်ကျော် တံတားသစ်အား မတ်လ ၁၉ ရက်က တရားဝင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။