17
Wed, Jan
558 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၇ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ၏ အနောက်တောင်ဘက် (၁၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၈ ဒီဂရီ၊ အနက်(၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မာခိုင် (Ma Kai) သည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးကိစ္စ ဆွေးနွေးမည့် One Planet ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီဇင်ဘာလ ၁၂ ရက်တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

 

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကို ယခင်ကထက် ပိုမို ခံစားနေရပြီး အစိုးရအနေဖြင့် ဘေးအန္တရာယ် ကြောင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်နှင့် လျော့နည်းစေ ရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျင်းပသော(၅)ကြိမ် မြောက် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး၌ ပြောကြားသည်။

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပေကျင်းမြို့၏ လေထုအရည်အသွေးအား ပိုမိုမြှင့်တင်နိုင်ရန်အတွက် ခြောက်သွေ့သည့် ဆောင်းရာသီအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အိမ်ရာနှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးတိုးတက်မှု စည်ပင်သာယားရေးကော်မရှင်က ပြောကြားခဲ့သည်။

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ပေကျင်းမြို့၌ ၂၀၁၇ခုနှစ်အတွင်း ပန်းခြံအသစ် ၁၅ခု ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။

ကွေ့ကျိုး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ယခုနှစ်၏ ၁၃ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ် ဟတ်တို (Hato) သည် ယနေ့ (သြဂုတ်လ ၂၃ ရက်) နံနက်ပိုင်းက မကာအိုနှင့် ဟောင်ကောင်ဒေသများသို့ ဝင်ရောက်ခဲ့ရာ ဟောင်ကောင်၌ ရုံးများနှင့် ကျောင်းများ ပိတ်ထားခဲ့ရပြီး လူ သုံးဦး သေဆုံးကာ လေယာဉ်ခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီဆိပ်ကမ်းတွင် သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်ရေကျချိန် ညအိပ်ရပ်နားထားသော ရေယာဉ်သည် တင်ဆောင်လာသော တန်ပိုဝိန်ကြောင့် ညာဘက်သို့ တိမ်းစောင်းနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်မှု၊ ကျဆင်းနိုင်မှု အခြေအနေ နှင့် ပတ်သက်၍ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်သည် နှစ်စဉ်မိုးရာသီတွင် မြစ်ရေကြီးမြင့်မှုကြောင့် ချင်းတွင်းမြစ်ဖြတ်သန်းစီးတင်းရာ မြို့နယ်များ တွင်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ မုံရွာမြို့နယ်အတွင်း ယခုနှစ်မိုးရာသီမြစ်ရေကြီး မြင့်မှုကိုရေကင်း (၂၄)ခုဖြင့်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှသိရသည်။ 

Page 1 of 3