24
Thu, May
649 New Articles

အင်ဒိုနီးရှားနိုင်ငံ တွင် အင်အား ၅.၅ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွား

ငလျင်တိုင်းတာမှုပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Environment, Disasters & Accidents

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Modayag မြို့ အရှေ့တောင်ဘက် ၁၃၈ကီလိုမီတာအကွာ၌ ဖေဖော်ဝါရီ ၂ရက် ဂင်းနစ်စံတော်ချိန် ၀၀း၂၀း၄၂ နာရီ တွင် အင်အား ရစ်ခ်ျတာစကေး ၅.၅ ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် တောင်လတ္တီကျု ၀.၂၃၁၂ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၂၅.၂၀၉၅ဒီဂရီ ရှိ မြေပြင်အနက် ၅၁.၂ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ကနဦး တိုင်းထွာချက်များအရသိရသည်။ (Xinhua)