18
Sun, Nov
675 New Articles

Kermadec ကျွန်းများတွင် ပြင်းအား ၇ ပမာဏရှိသော ငလျင်လှုပ် 

ငလျင်တိုင်းတာမှုပြ ဂရပ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Environment, Disasters & Accidents

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ Kermadec ကျွန်းများတွင် စက်တင်ဘာလ ၁၀ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂း၁၈ နာရီက ပြင်းအားပမာဏ ၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရသည်။

အဆိုပါ ငလျင်သည် တောင်လတ္တီကျု ၃၁.၉၅ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၁၇၉.၂၅ ဒီဂရီအကြား မြေအောက်အနက် ၁၂၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း CENC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)