တိဘက်ဒေသတွင် ပြင်းအား ၅.၁ ရှိသော ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှု ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Environment, Disasters & Accidents

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသ Rutog နယ်မြေတွင် စက်တင်ဘာလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၅း၁၃ နာရီတွင် ပြင်းအား ၅.၁ ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) ထံမှ သိရသည်။

အဆိုပါငလျင်သည် မြောက်လတ္တီကျု ၃၄.၂၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၀.၇၁ ဒီဂရီအကြား မြေအောက်အနက် ၆ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)