10
Mon, Dec
666 New Articles

သမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ၌ ငလျင်ဒဏ် နှင့် ဆူနာမီဒဏ် ခံစားခဲ့ရခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို သမ္မတ ဝီဒိုဒိုထံ ပေးပို့ 

အင်ဒိုနီးရှားနိုင်ငံ၌ ဆူနာမီဒဏ်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရသူများအား ဆေးကုသပေးနေစဉ် (ဆင်ဟွာ) Environment, Disasters & Accidents

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က  အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေစီပြည်နယ်(Sulawesi)၌ လူအများအပြားသေဆုံးခဲ့ရသည့် အင်အားပြင်း ငလျင်ဒဏ် နှင့် ဆူနာမီဒဏ် ခံစားခဲ့ရခြင်းအပေါ် ကြေကွဲဝမ်းနည်းရပါကြောင်း သဝဏ်လွှာတစ်စောင်ကို အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုထံ စက်တင်ဘာ ၃ဝ ရက်တွင် ပေးပို့ ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာထဲတွင် ရှီက အင်ဒိုနီးရှားနိုင်ငံ၌ အင်အားပြင်းငလျင် နှင့် ဆူနာမီဒဏ် ကြောင့် လူအများအပြားသေဆုံးခဲ့ရခြင်း နှင့် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ရခြင်းကို တုန်လှုပ်မိပါကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံပြည်သူ နှင့် အစိုးရကိုယ်စား သဘာဝဘေးဒဏ်သင့်ဒေသမှ ပြည်သူများ နှင့် ထိခိုက်ဒဏ်ရာရသူများ ၊ ၄င်းတို့ ၏ မိသားစုဝင်များအတွက် အလွန်အမင်းကြေကွဲဝမ်းနည်းရပါကြောင်း ရှီက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့ပြီး အင်ဒိုနီးရှားပြည်သူများ ဘက်မှ ရပ်တည်၍ လိုအပ်သော ထောက်ပံ့ကူညီမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

သမ္မတဝီဒိုဒို နှင့် အင်ဒိုနီးရှားအစိုးရ ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် အင်ဒိုနီးရှားပြည်သူများသည် ၄င်းတို့ ၏ နေအိမ်များ ပြန်လည်တည်ဆောက်ခြင်း နှင့် သဘာဝဘေးဒဏ် မှ နာလံထူခြင်းကို အချိန်တိုအတွင်း လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ရှီက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ပြင်းအား ၆.ဝ ၊ ၇.၄ နှင့် ၆.၁ အဆင့်ရှိ ငလျင်ဒဏ်များကို အသီးသီးခံစားခဲ့ရပြီးနောက် စက်တင်ဘာ ၂၈ ရက်က နိုင်ငံအလယ်ပိုင်း ပြည်နယ်တွင် ဆူနာမီတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငလျင် နှင့် ဆူနာမီကြောင့် သေဆုံးသူ အရေအတွက်မှာ ၈၃၂ ဦးထိရှိကြောင်း ၊ ၅၄ဝ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း နှင့် လူပေါင်း ၁၆,၇၃၂ ဦး နေအိမ်စွန့် ခွာခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့် ခွဲရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)