12
Thu, Dec
498 New Articles

စက်တင်ဘာလအတွင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စီမံခန့်ခွဲ မှု နယ်မြေ အတွင်းယာဉ် မတော်တဆ ဖြစ်ပွား (၄၄)မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားတွေ့ရစဉ် (ဆင်ဟွာ) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

စက်တင်ဘာ လ (၁) ရက်မှ (၃၀)ရက်အတွင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စီမံခန့်ခွဲ မှု နယ်မြေ မိုင်တိုင် (ဝ) မှ (၃၅၂/၆) အတွင်းယာဉ် မတော်တဆ ဖြစ်ပွား (၄၄) မှုသေဆုံး ကျား (၄) ဦးမ (၁) ဦး နှင့် စုစုေပေါင်း(၅)ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ လ (၁) ရက်မှ (၃၀)ရက်အတွင်း ဒဏ်ရာရ ကျား (၃၆) ဦး၊ မ (၂၂) ဦး စုစုပေါင်း(၅၈)ဦး ရှိကြောင်း သိရသည်။

ဖြစ်ပွားမှုများမှာအိပ်ငိုက် (၅) မှု၊ ဆိုင်ကယ် (၉) မှု၊အရှိန်ပြင်း (၁၅)မှု၊မဆင်မခြင်မောင်း (၅)မှု၊ဘီးပေါက် (၉)မှု၊

စက်ချို့ယွင်း (၁)မှု ရှိခဲ့ကြောင်းသိရသည်။

အမြန်လမ်းပေါ်တွင် ကြံ့ခိုင်သော ယာဉ်၊ ကျန်းမာကျွမ်းကျင်သောယာဉ်မောင်း များနှင့် ခရီးသွားလာကြသော ပြည်သူများမှ သတ်မှတ် စည်းကမ်းများ ကို လိုက်နာခြင်းဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းပါဝင် ကူညီ ကြစေလိုကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)