24
Fri, May
583 New Articles

ထိုင်ဝမ်ရေလက်ကြားအနီး ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်

Environment, Disasters & Accidents

ပေကျင်း ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ယနေ့ နံနက် ဒေသစံတော်ချိန် ၇ နာရီ ၅၇ မိနစ်တွင် ထိုင်ဝမ်ရေလက်ကြားအနီး၌ ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ(CENC) ၏ ပြောကြားချက်အရ သိရသည်။

၎င်းငလျင်သည် မြောက်လတ္တီကျူ့ ၂၃.၂၈ ဒီဂရီ နှင့် အရှေ့ လောင်ဂျီကျူ့ ၁၁၈.၆၀ အကြား ၊ အနက် ၂ဝ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း CENC ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အစောပိုင်းတွင် ငလျင်ပြင်းအားကို ၅.၆ မဂ္ဂနီကျူ့  ဟုဖော်ပြခဲ့ကြောင်း သိရသည်။(Xinhua)