07
Sat, Dec
488 New Articles

နေပြည်တော်၊ သြဂုတ်၂၈ ရက် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်ပြီး ရေရှည် ခံနိုင်ရည် ရှိစေရန် ရေးဆွဲထားသည့် ၂၀၃၀ မဟာ ဗျူဟာနှင့် ပင်မ လုပ်ငန်းများ အောင်မြင်စေရေးအတွက် စွမ်းဆောင်ရည် မြင့်မားဖို့ လိုအပ်သည်ဟု သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့နံနက် ပြောကြားခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ ၏ အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ ၊ မြောက် လတ္တီတွဒ် (၂၄.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၁) ဒီဂရီ၊ အနက်(၇၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ပေကျင်း၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် ယနေ့ သြဂုတ် ၁၉ရက် ၁၂ နာရီ ၁၀မိနစ်က တောင်လတ္တီတွဒ် ၈.၄၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၁၆.၅၇ ဒီဂရီ၊အနက် ၂၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၆.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်တိုင်းတာရေးကွန်ရက် စင်တာ၏ တိုင်းတာချက်များအရ သိရသည်။ (Xinhua)

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အရှေ့ဘက်ကမ်းရိုးတန်းဒေသသို့ ချဉ်းကပ်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည့် အမ်ပီလ် (Ampil)တိုင်ဖွန်းမုန်တိုင်းသည် အားကောင်းလာကာ အဝါရောင်အဆင့်အဖြစ် တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသစောင့်ကြည့်ရေးက သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ကွေ့ယန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် စိမ့်မြေအရပ် (Wetland) နယ်မြေ ၅၃.၆ သန်းဟက်တာရှိကြောင်း၊ ယင်းအကျယ်အဝန်းသည် အာရှတွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးဖြစ်ကြောင်း တရားဝင် အချက်အလက်များက ဖော်ပြထားသည်။

ချန်ဒူး ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ်တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီး-အမ အမွှာနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။

ဟောင်ကောင် ၊ မေ ၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Pandan ဒေသ၏ မြောက်၊အနောက်မြောက် ၅၆ ကီလိုမီတာအကွာ၌ ဗဟိုပြု၍ ပြင်းအား ၆.၁ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ယနေ့မေလ ၅ ရက်တွင် ပြောကြားခဲ့သည်။

၎င်းငလျင်သည် အနက် ၁၇.၈၇ ကီလိုမီတာကို ဗဟိုပြု၍ မြောက်လတ္တီကျု့၁၄.၄၉၆၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု့၁၂၃.၉၃၁၂ ဒီဂရီအကြားတွင် လှုပ်ခတ်သွားကြောင်း သိရသည်။(Xinhua)

ပေကျင်း ၊ မေလ ၅ ရက်(ဆင်ဟွာ)

ဟာဝိုင်ယီကျွန်းတွင် မေ ၅ ရက် ပေကျင်းစံတော်ချိန် နံနက် ၆ နာရီ ၃၂ မိနစ်တွင် ပြင်းအား ၆.၉ အဆင့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ယင်းငလျင်သည် မြောက်လတ္တီကျု့၁၉.၃၉ ဒီဂရီ နှင့် အနောက်လောင်ဂျီကျု့၁၅၅. ၁ ဒီဂရီအတွင်း ၊ အနက် ၁၀ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ် သွားကြောင်း တရုတ်နိုင်ငံ မြေငလျင်တိုင်းတာရေးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သော သတင်းများအရ သိရသည်။(Xinhua)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ ရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ပေကျင်း ၊ မေ ၂ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ကျွန်း၏ Hualien မြို့အနီး ပင်လယ်ရေပြင်၌ ယနေ့(မေလ ၂ ရက်) ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၇ မိနစ်တွင် ပြင်းအား ၅.၂ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

Page 3 of 4