18
Thu, Jan
564 New Articles

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေးက ဇန်နဝါရီလ ၁၂ ရက်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အရ သိရသည်။

ဖနွမ်းပင်၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံအနေဖြင့်မဟာဗျူဟာမြောက်ထူးခြားမှုတစ်ရပ်အဖြစ်        ကမ္ဘောဒီးယားနိုင်ငံ နှင့်အတူ အနာဂတ်တွင် မျှဝေခံစားမည့် အနာဂတ်ကို တည်ဆောက်သွားမည်ဖြစ်      ကြောင်း ဇန်နဝါရီလ ၁၁ ရက်က ကတိပြုပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လီခဲ့ချန် က ကမ္ဘောဒီးယား          နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တွင်တွေ့ဆုံရာ၌ ထိုကဲ့သို့ ကတိ       ပြုခဲ့ခြင်းဖြစ်သည်။လီက မြို့တော် ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး သို့တက်ရောက်ပြီးကမ္ဘောဒီး         ယားသို့ချစ်ကြည်ရေးခရီး ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကမ္ဘောဒီးယား နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး နှင့် ကမ္ဘောဒီးယား နိုင်ငံ တရားဝင် လည်ပတ်ရေး ခရီးစဉ် အပြီး ဇန်နဝါရီ ၁၁ ရက်နေ့ ညပိုင်း အချိန်တွင် အထူး လေယာဉ်ဖြင့် တရုတ် နိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဖနွမ်းပင် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ ဘုရင် Norodom Sihamoni နှင့် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တို့က ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ဖနွမ်းပင် မြို့ရှိ ဘုရင်နန်းတော် တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့်  ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ဇန်နဝါရီ ၁၀ ရက်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဇန်နဝါရီလ ၁ဝ ရက်တွင် နော်ဒစ် နှင့် ဘော်လ်တစ်ဒေသ နိုင်ငံများမှ ပါလီမန်ခေါင်းဆောင်များနှင့်တွေ့ ဆုံစဉ် နှစ်ဖက်အကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု နှင့် အဆင့်မြင့်ကိုယ်စားလှယ်များအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ဇန်နဝါရီ ၉ ရက်နေ့ ညနေပိုင်း အချိန်တွင် ပြည်သူ့ခန်းမကြီး တွင် တရုတ် နိုင်ငံ သို့ အလည်အပတ် ခရီးရောက်ရှိနေသည့် ပြင်သစ် နိုင်ငံ သမ္မတ Emmanuel Macron နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ချစ်ကြည်ရေးခရီးစဉ်နှင့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

အဲယားဘတ်စ် Airbus လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီက တရုတ်နိုင်ငံနှင့်လေယာဉ်ထုတ်လုပ်မှုဆိုင်ရာ စက်မှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်တိုးတက်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇ ခုနှစ်တွင် ထုတ်လုပ်သည့် လေယာဉ်ရောင်းဝယ်မှုမှ အမေရိကန်ဒေါ်လာသန်း ၆ဝဝ နီးပါး ရှိခဲ့ကြောင်း ဇန်နဝါရီ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။