19
Thu, Jan
682 New Articles

ဂျီနီဗာ ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမားရေး အဖွဲ့ချုပ် (WHO) ရုံးချုပ်သို့ သွားရောက် လည်ပတ်ခဲ့ပြီး WHO  ညွှန်ကြားရေးမှူးချုပ် Margaret Chan နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အထူးရဲတပ်ဖွဲ့သစ် တစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၁၈ ရက်က ကြေညာလိုက်သည်။

ဒါဗို့စ် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ် မြို့သို့ ရောက်ရှိချိန်တွင် ကမ္ဘာ့စီးပွားရေး ဖိုရမ် ဥက္ကဋ္ဌ  Klaus Schwab , ဘယ်လ်ဂျီယမ် နိုင်ငံ ဘုရင် Philippe နှင့် ယူကရိန်း နိုင်ငံ သမ္မတ Petro Poroshenko တို့အား  ဇန်နဝါရီ ၁၇ ရက်နေ့တွင်အသီးသီး တွေ့ဆုံ ခဲ့သည်။

ဘန်း ၊ ဇန်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆွစ်ဇာလန် နိုင်ငံ ဗန်းမြို့တွင် ကျင်းပ သည့် ဆွစ်ဇာလန် ဖက်ဒရယ် ကောင်စီ၏ ဧည်ခံ ကြိုဆိုပွဲ သို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့သည်။

ဇူးရစ် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် အဖြစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၄၀ မိနစ် တွင် အထူး လေယာဉ်ဖြင့် ဇူးရစ် မြို့ကို ရောက်ရှိလာခဲ့သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး Peng Liyuan တို့ သည် ဆွစ်ဇာလန်နိုင်ငံသို့ လေးရက်ကြာချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ ( ဇန်နဝါရီလ ၁၅ ရက်)တွင် တရုတ်နိုင်ငံပေကျင်းမြို့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။ 

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ် ကောင်စီ၏ ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်အတွင်း ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၀ ရက်က ကြေညာလိုက်သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၉ ရက်နေ့တွင် တောင့်ယွီထိုင် (Diao Yu Tai ) နိုင်ငံတော် ဧည့်ဂေဟာ တွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) အား လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြီးခဲ့သော နှစ်သစ်ကူးညက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ နိုက်ကလပ်တစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ် မှုကြောင့် အနည်းဆုံးလူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ရခြင်း အပေါ် ဝမ်းနည်ကြေကွဲကြောင်း တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan ထံ ဇန်နဝါရီလ ၂ ရက်က သဝဏ်လွှာတစ်စောင်ပေးပို့ ခဲ့သည်။