23
Sat, Sep
714 New Articles

ဟောင်ကောင်သို့ အလည်အပတ်ရောက်ရှိနေသည့် လေယာဉ်တင် သင်္ဘော Liaoning ပေါ်သို့ ပြည်သူများအား တက်ရောက်လေ့လာခွင့်ပြု

ဟောင်ကောင်သို့ ရောက်ရှိနေသော တရုတ်နိုင်ငံ၏ လေယာဉ်သင်္ဘော Liaoning အား အများပြည်သူများ လေ့လာကြည့်ရှု့ နေစဉ်(ဆင်ဟွာ) Politics, Law & Military

ဟောင်ကောင် ၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောLiaoning ပေါ်သို့  အများပြည်သူများအား တက်ရောက်လေ့လာခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ Liaoning လေယာဉ်တင်သင်္ဘောပေါ်သို့ တက်ရောက်လည်ပတ်ခြင်းကို ဇူလိုင်လ ၈ ရက် နှင့် ၉ ရက် ၊ ၂ ရက်တာ ခွင့်ပြုပေးခဲ့ပြီး မိဘပြည်သူများကသင်္ဘောအမှုထမ်း ရေတပ်သားများနှင့်အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခြင်း နှင့် အုပ်စုလိုက် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။(Xinhua)