18
Tue, Dec
650 New Articles

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်စစ်တပ်အား “ စွမ်းရည်ပြည့်ဝသော ၊ ရဲရင့်သော ၊ ဂုဏ်သိက္ခာရှိသော” စိတ်ဓာတ်များ ထားရှိရမည်ဟု ပြောကြား

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် နှစ် ၉ဝ ပြည့် စစ်ရေးပြအခမ်းအနားတွင် မိန့် ခွန်းပြောကြားနေသော သမ္မတရှီကျင့်ဖိန် အားတွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ထောင့်တင်းခိုင်မာသော တပ်မတော်တစ်ခုကို တည်ဆောက်ရန် မျိုးဆက်သစ်များအနေဖြင့် “စွမ်းရည်ပြည့်ဝသော ၊ ရဲရင့်သော ၊ ဂုဏ်သိက္ခာရှိသော” စစ်တပ်ဖြစ်အောင် စိတ်ဓာတ်များ ထားရှိရမည်ဖြစ်ကြောင်း ယနေ့ ( သြဂုတ်လ ၁ ရက်)တွင် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)၏ သံမဏိစည်းမျဉ်းဖြင့် နိုင်ငံရေးကို လုပ်ဆောင်သွားရန် သမ္မတရှီက ပြောကြားခဲ့ပြီး ၊ တရုတ်စစ်တပ်အနေဖြင့် သံမဏိကဲ့သို့ ခိုင်မာသည့် သစ္စာရှိမှု ၊ ယုံကြည်မှု ၊ အမိန့် နာခံမှု နှင့် တာဝန်ခံမှုများ ထားရှိရမည်ဖြစ်ကြောင်း နှင့် တရုတ်ပြည်သူ့ တပ်မတော်၏ ပို့ ချချက်များ နှင့် သဘောသဘာဝကို စောင့်ထိန်းသွားရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။(Xinhua)