24
Sun, Sep
702 New Articles

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်း

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍစုံ တရားဥပဒေစိုးမိုးရေး၏ အလွန်အရေးပါပုံကို လက်ခံပြီး ၊အခြားနိုင်ငံများနှင့်အတူ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ယနေ့ (စက်တင်ဘာလ ၁၁ ရက်) တွင် ကျင်းပသည့် အစိုးရရှေ့ နေများ အစည်းအဝေးပွဲသို့ ပေးပို့ သော သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။

၂၂ ကြိမ်မြောက် နိုင်ငံတကာ အစိုးရရှေ့ နေများအသင်း အစည်းအဝေး နှင့် နှစ်ပတ်လည် ညီလာခံ ကို တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ ယနေ့ (စက်တင်ဘာလ ၁၁ ရက်) တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၄င်းအစည်းအဝေးပွဲသို့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ ခဲ့ခြင်းဖြစ်သည်။(Xinhua)