23
Thu, Nov
643 New Articles

တရုတ်-ဘရူနိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဂျီဟက်ဆန် ဘိုကီးယား တို့ နှစ်ဦး ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးနေစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဘရူနိုင်းနိုင်ငံ ဘုရင်ဆူလ်တန် ဟာဂျီဟက်ဆန် ဘိုကီးယား တို့ သည် စက်တင်ဘာလ ၁၃ ရက်က တွေ့ ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဆောင်ခြင်း နှင့် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း သိရသည်။

“ တရုတ်-အာဆီယံ ဆက်ဆံရေးတွင် ဘရူနိုင်း နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို တရုတ်နိုင်ငံက ချီးကျူးဂုဏ်ပြုပါကြောင်း နှင့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုနှင့်အတူ အာဆီယံ၏ ဖွံ့ ဖြိုးတိုးတက်မှု အစီအစဉ်ကို အတူတကွ ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း” သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဂျီဟက်ဆန် ဘိုကီးယား တို့ ဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဂျီဟက်ဆန် ဘိုကီးယား တို့ ဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဂျီဟက်ဆန် ဘိုကီးယား တို့ နှစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

တရုတ်နှင့်ဘရူနိုင်း နိုင်ငံတို့ သည် ပင်လယ်ပြင်ကိုဖြတ်ကျော်ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း နှစ်ဖက်အပြန်အလှန်ယုံကြည်အားကိုးရသည့် မိတ်ဆွေများ နှင့် မိတ်ဖက် နိုင်ငံများဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့ပြီး လွန်ခဲ့သော နှစ်များအတွင်း နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မြဲအောင် ဆောင်ရွက်ခြင်း ၊ နိုင်ငံရေးအရအပြန်အလှန်ယုံကြည်ခြင်း နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ခြင်းများတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဘရူနိုင်း နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ခြင်း ၂၅ နှစ် မြောက်ဖြစ်သည်။ တရုတ်-ဘရူနိုင်း နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာမှုသည် အဓိက တိုးတက်မှု ဖြစ်ကြောင်း ရှီက ဆိုသည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေး အတွေ့ အကြုံများ နှင့် ၄င်းတို့ ၏ ဖွံ့ ဖြိုးတိုးတက်မှု မဟာဗျူဟာများကို ဘရူနိုင်းနိုင်ငံနှင့်မျှဝေသွားမည်ဖြစ်ကြောင်း နှင့် နယ်ပယ်စုံတွင်အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်လည်း သမ္မတရှီက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)